၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၁)ရက်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့တွင် စာအုန်းဆီအခြေခံလက်ကားရည်ညွှန်းစျေးသည် ဆက်လာက်မြင့်တက်နေပြီး ပြင်ပပေါက်စျေးသည်လည်း အမြင့်စျေးဖြင့်သာ ရှိနေကြောင်း ရန်ကုန်မြို့ စမ်းချောင်းရပ်ကွက် ပြည်သူများက ပြောသည်။
စစ်ကောင်စီမှ နိုဝင်ဘာလ (၂၆) ရက်နေ့မှ ဒီဇင်ဘာလ (၁) ရက်နေ့အထိ ဆီလုပ်ငန်းရှင်များအသင်း သတ်မှတ်စျေးသည် ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ် တင်ပို့သည့် နိုင်ငံများတွင် စျေးကွက်နှင့် စျေးနှုန်းများအရ ရန်ကုန်မြို့ အတွင်း အခြေခံ လက်ကားစျေးနှုန်းသတ်မှတ်ချက်သည် ယခင်အပတ်တွင် တစ်ပိသာလျှင် (၆၀၀၀) ကျော် ၊ (၇၂၈၀) ကျပ်သာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ သို့သော်လည်း ရန်ကုန်မြို့အတွင်းရှိ ယခုပတ်အတွင်းတွင် စားအုန်းဆီစျေးနှုန်းမှာ မြင့်တက်လာနေသည့်အပြင် ပြင်ပပေါက်စျေးသည်လည်း ကျပ်ငွေ ၁သောင်းကျော် အထိ မြင့်တက်နေကြောင်း သိရသည်။
‘’ကျနော်တို့ ရန်ကုန်မှာ ဆီကို စာအုပ်နဲ့ ရပ်ကွက်အလိုက်ထုတ်ရတာပါ။ ပြီးခဲ့တဲ့ အပတ်က ကျနော်ထုတ်တာ ကျပ်ငွေ ၇၅၀၀ ပေးပြီး ထုတ်ခဲ့ရတယ်။ အခုခေါက်တော့ စျေးတက်နေတယ်လို့ ပြောနေတဲ့အသံတွေကြားတယ် ကျနော်တို့ ရပ်ကွက်က ထုတ်ရမယ့် အလှည့်မဟုတ်သေးတော့ ဘယ်လောက် စျေးတက်နေလဲ ကျနေလဲ ကျနော် မသိသေးဘူး’’ဟု ရန်ကုန် စမ်းချောင်းမြို့နယ် မှ ကိုလှဦးမှ ပြောသည်။
စစ်ကောင်စီမှ ဆီကုန်သည်များကို စျေးကစားရန် နှင့် သိုလှောင်ထားခြင်းများပြုလုပ်ခြင်း မပြုလုပ်ရန်နှင့် ပြုလုပ်ပါက ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းကိုလည်း အသိပေးထုတ်ပြန်ထားသော်လည်း ယခုလက်ရှိ စားအုန်းဆီ အရောင်းဆိုင်များတွင် တစ်ပိသာလျှင် ကျပ်ငွေ ၁၂၀၀၀အထိ ပေးဝယ်နေကြရကြောင်းကိုလည်း သိရှိရသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆီကုန်သည်အသင်းမှ လုပ်ငန်းရှင်များသည် စားအုန်းဆီ များကို ဖုန်းဆက်မှာယူနိုင်ကြောင်းနှင့် ရပ်ကွက်အတွင်းတွင်လည်း ရပ်ရွာ များမှ တစ်ဆင့် သက်ဆိုင်ရာဆီဆိုင်များတွင် စာအုပ်များဖြင့်ထုတ်ယူရာတွင်လည်း တစ်လ လျှင် တစ်ပိသာာလျှင်ရရှိကြပြီး စားသောက်ဆိုင်လုပ်ငန်းလုပ်သူများအနေဖြင့် ပြင်ပ ဆိုင်များတွင်သာ ဝယ်ယူကြရသောကြောင့် အခက်အခဲများဖြစ်နေကြောင်းသိရသည်။
‘’ရပ်ကွက် စာအုပ်နဲ့ထုတ်တာက တစ်ပိသာပဲရတယ် ကျမဆို ထမင်းဆိုင် လေးဖွင့်တဲ့ထားတော့ တစ်ပိသာ မလောက်ဘူး။ အဲတော့ အပြင်ဆိုင်တွေမှာ ဝယ်ရတယ် စျေးကတော့ကွာတာပေါ့။ ကွာပေမယ့်လည်း မရှိရင် မရောင်းရဘူး။ မရောင်းရင် ဝင်ငွေမရှိဘူး ဟု စမ်းချောင်းမြို့နယ် မအိအိမ ‘’မှ ပြောသည်။
ထို့အပြင် ပြည်တွင်းစျေးကွက်အတွင်း စားအုန်းဆီအပါအဝင် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လျှက်ရှိနေသောကြောင့် ပြည်တွင်းရှိ အလုပ်သမားများနှင့် အခြေခံလူတန်းစားများသည် အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရသည့်အပြင် စစ်ကောင်စီမှ စားအုန်းဆီများကို သိုလှောင်ရောင်းချခွင့်မပြုရန်နှင့် စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း မပြုလုပ်ရန် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ မှ အသိပေးထုတ်ပြန်ထားသည်။