ရခိုင့်အသံ။ Mar 19, 2012
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာရှိ ရဲကင်းဌာနမှ ဒုရဲအုပ် ဦးစိုးမိုးအေး မှဆားပြင်ကျေးရွာသား မောင်တင်ဝင် အား ဖမ်းဆီးပြီး ရိုက်နှက်ခြင်းကြောင့် တောင်ကုတ်မြို့ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သတင်းရရှိသည်။
(၁၅-၃-၂၀၁၂) နေ့ ညနေ (၈)နာရီ ခွဲခန့် အချိန်အတွင် ဒုရဲအုပ် ဦးစိုးမိုးအေးသည် မောင်တင်ဝင်း နေအိမ်သို့ရောက်ရှိလာကာ ဖမ်းဆီး လက်ထိပ်ခတ်၍ အဆိုပါအိမ်ရှေ့တွင် ရိုက်နှက်ခဲ့ ရဲကင်းထဲတွင် ရိုက်နှက်ခဲ့ ကြောင်းသိရသည်။
“ကျနော့်ကို ဘာအတွက်ကြောင့် ဖမ်းတယ်ဆိုတာလည်း ယခုထက်ထိ မသိရသေးဘူး၊ ကျနော်တို့ အိမ်မှာ လက်ဖက်ရည် ထိုင်သောက်နေကြတယ်၊ ကျနော့်နာမည်ကို ကိုခေါ်ပြီး ရှိလားလို့မေးတယ်၊ ကျနော်က ရှိတယ်ဆရာလို့ပြောလိုက်တော့၊ ကျနော့်ကို လက်ထိပ်ခတ်ပြီး မျက်နှာကိုရိုက်တယ်၊ နောက်ပြီး နံချပ်ကူနှင့် ညနော့်ရင်ဝကို ဆောင့်ထိုးလိုက်တော့၊ ကျနော်လည်း သတိမေ့ပြီး လဲကျသွားတာ၊ ကျနော် စခန်းရှေ့ရောက်မှ သတိရတယ်၊ စခန်းထဲရောက်တော့ လက်ထိပ်ကို ဖြုတ်ပြီး ခြောက်ပေါက်ထဲထည့်တယ်၊ နောက်ပြီး ကြိမ်းလုံးကြီး နှင့် ကျနော့် ကျောကုန်းကို နှစ်ချက်ရိုက်ချလိုက်တယ်” ဟု မောင်တင်ဝင်းက ပြောသည်။
ရွာသူရွာသားများ၏ တောင်ပန်ချက်ကြောင့် (၁၆)ရက်နေ့ နံနက် (၉နာရီခွဲ)ခန့်တွင် အချုပ်မှ လွှတ်ပေးလိုက်ရာ မောင်တင်ဝင်းမှာ ရိုက်နှက် ထားသော ဒဏ်ရာများကြောင့် ဝေဒနာခံစားနေရ၍ ရွားသားများမှာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြပြီး အဆိုပါမောင်တင်ဝင်းမှာ ဆင်းရဲနွမ်းပါးသူ တစ်ဦးဖြစ်ရာ ဆေးကုသရန် မစွမ်းဆောင်နိုင်သဖြင့် ရွာသားများက ကျေးရွာအတွင်း အလှူငွေများကောက်ခံကာ မောင်တင်ဝင်း ဆေးကုသမှု ကုန်ကျစရိတ်များကို ထောက်ပံ့နေကြကြောင်း သိရသည်။
ဌာနဆိုင်ရာတာဝန်ခံများမှလည်း ဗဟိုမှ ညွန်ကြားချက်ဖြင့် စုံးစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့က အမှုမှန်ပေါ်အောင် ဆောင်ရွက်နေကြကြောင်း သတင်းရရှိသည်။