ရခိုင့်အသံ။ Mar 19, 2012
ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲခရိုင်မှထွက်ရှိသော ကြိမ်များကို ယခင်က မန္တလေးသို့တင်ပို့ရောင်းချခဲ့သော် လည်း ယခုနှစ်တွင် စစ်တွေမြို့သို့ တင်ပို့ရောင်းချနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
သံတွဲခရိုင်မှ ထွက်ရှိသောကြိမ်များကို လွန်ခဲ့သည့် နှစ်ပေါင်း ၁၅ နှစ်ခန့်ကတည်းကပင် မန္တလေးမြို့ရှိကုမ္ပဏီ များသို့တင်ပို့ရောင်းချခဲ့ရာ အရောင်းအဝယ်မကောင်းသောကြောင့် (၃)နှစ်ခန့် နားနေခဲ့ရပြီး ယခုနှစ်တွင် စစ်တွေသို့ စတင်ရောင်းချနေကြောင်း သံတွဲမှ ကြိမ်းလုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောသည်။
သံတွဲချောင်း၊ ပုဇွန်ဖြေချောင်း၊ ကျောက်ကြီးချောင်း၊ ရွှေလှေချောင်းမှထွက်ရှိသော ကြိမ်းများကို နှစ်စဉ်နှစ်တိုင်း ကြိမ် အလုံးရေ တစ်သိန်ကျော်ခန့်အထိ တင်ပို့ရောင်ချနိုင်ကြောင်း အဆိုပါလုပ်ငန်းရှင်က ပြောသည်။
တောထဲမှ ရရှိလာသော ကြိမ်လုံး ကုန်ကြမ်းများကို ပေါင်ခံ၊ နေလှန်းပြီး ကုန်ချော ပြုလုပ်ကာ ကုမ္ပဏီများသို့တင်ပို့ရောင်ချကြသည်။ လက်ခံဝယ်ယူသော ကုမ္ပဏီများမှ လူ့အသုံးအဆောင်ပစ္စည်းများ အဖြစ် ပြုလုပ်၍ တရုတ်နိုင်ငံနှင့် ဘင်္ဂလာဒေရှေ့်နိုင်ငံများသို့ နိုင်ငံခြားပို့ကုန်အဖြစ် တင်ပို့ရောင်းချနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲခရိုင်တွင် သံတွဲချောင်း၊ ဂွချောင်း၊ ပဇွန်ဖြေချောင်း၊ ကျောက်ကြီးချောင်း၊ ရွှေလှေချောင်းများမှ ကြိမ်းအများအပြားထွက်ရှိသည်။ အဆိုပါကြိမ်လုပ်ငန်းကို ပေါင်းခံနေလှမ်း ရခြင်းကြောင့် ပွင့်လင်းရာသီရောက်မှသာ လုပ်ကိုင်ရခြင်းကြောင့် နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ နှစ်စဉ် နှစ်တိုင်း တစ်နှစ်လျှင် (၆) လခန့် လုပ်ကိုင်ရကြောင်း သိရသည်။