ကျောက်ဖြူတွင်ဘိလပ်မြေအုတ်သုံးစွဲမှု များပြားလာသဖြင့် မြေအုတ်လုပ်ငန်းများပျောက်ကွယ်လာ
၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိအဆောက်အဦးစီမံကိန်းလုပ်ငန်းများတွင်ဘိလပ်မြေအုတ် တစ်မျိုးတည်းကိုသာ သုံးစွဲမှုများပြားလာသည့်အတွက် မြေအုတ်ဖုတ်လုပ်ငန်းများ တိမ်မြုပ်ပျောက်ကွယ် လာကြောင်းသိရှိရသည်။ဘိလပ်မြေအုတ်မှာ မြေအုတ်ဖုတ်ထက်ဈေးနှုန်းချိုသာခြင်း၊ အရည်သွေးခိုင်ခံမှုရှိခြင်းများကြောင့် ၂၀၁၄ ခုနှစ် တွင်းမှစတင်ကာသုံးစွဲမှုများပြားလာပြီး ရပ်ကွက်တိုင်းတွင် တစ်ပိုင်တစ်နိုင်ထုတ်လုပ်မှု လုပ်ငန်းများ များပြားလာကာတစ်လတွင်း စီးပွားဖြစ်အုတ်ချပ်ရေ…
