Headlines

ရွှေရည်ငွေရည် ခန်းတော့မည်

ဒေသခံ လက်ယက်ရေနံတွင်း လုပ်သားတို့ စံပျော်ရာ မလကျွန်းသို့ ဧပြီလ နောက်ဆုံးပတ်က ဒုတိယအကြိမ်ရောက်ရှိခဲ့ပြီး ထိုနေရာမှာ ကျောက်ဖြူမြို့နှင့် ခြောက်မိုင်အကွာ၊ ဓါတ်ငွေ့ သန့်စင်စက်ရုံ (OGT)နှင့်၂ဖာလုံခန့်အကွာ၊ မလကျွန်း၊ လိပ်ခမော်ကျေးရွာ အနောက်ဘက် ပင်လယ်ကမ်းခြေတွင်ရှိပြီး ဂုန်းချွိန်၊ရေနံတောင်၊ မင်းပြင်၊…

Read More

ဘက်စုံ ဖွံ့ဖြိုးတက်မှု နောက်ကျသော ရှေးဟောင်းမြို့အဖြစ် ကျန်ခဲ့တော့မှာလား

ရမ်းဗြဲမြို့မှ ၂ဝဝ၃ခုနှစ်က စတင်ထွက်လာခဲ့သည်မှာ နှစ် (၁ဝ) ကြာခဲ့ပါပြီ။ မိမိမွေးဖွားရာ ဇာတိမြို့ မဟုတ်သော်လည်း အလယ်တန်းကျောင်းသားဘဝမှ အတက်တန်းပညာကို အောင်မြင်သည်အထိ ရမ်းဗြဲမြို့၌ ပညာသင်ယူခဲ့ပြီး နှစ်အကြာကြီးနေလာခဲ့သည့်အတွက် မိမိ၏ မြို့ရွာလိုဖြစ်နေခဲ့သည်။ နှစ် (၁ဝ) ကွဲကွာနေခဲ့ပြီးနောက်…

Read More

အခက်အခဲကြားမှ အခြေခံပညာရေး

လွန်ခဲ့သည့် ၂ဝ၁၁ခုနှစ်က ကျောက်ဖြူမြို့နယ်၊ မြဒေးကျွန်းဒေသ ပန်းထိန်ဆည်ရွာသို့ ရောက်ရှိသွားခဲ့သည်။ ရွာမှာ အိမ်ခြေ (၂ဝ) ကျော်ခန့်သာရှိပြီး ရွာလမ်း ဟူ၍မရှိ၊ အဆင်ပြေသလို ဆောက်လုပ်နေထိုင်ကြသည်။ ယင်းရွာသို့ ရောက်သွားချိန်တွင် ရွာသားများမှာ စာရေးသူ အနီးသို့ စုဝေးရောက်ရှိလာကြသည်။…

Read More

အလုပ်လုပ်ရင်း ပညာရှာနေရသော ရွှေ့ပြောင်းကလေးတို့ဘဝ

၂၀၁၃၊ ဇူလိုင်လ (၁၉) ရက်နေ့ နံနက် (၁၀)နာရီခန့်က စာရေးသူသည် သံတွဲမြို့နယ်၊ ဂျိတ္တောကျေးရွာ ကမ်းခြေသို့ အလည်ရောက်သွားချိန် ငါးကျောညို ဒိုင် တစ်ခုဒိုင်တွင် အမျိုးသမီး၂၀ခန့်နှင့် ဆယ်ကျော်သက်အရွယ် မိန့်ကလေး ၁၀ ဦးခန့်မှာ ဓါးကိုယ်စီကိုင်ကာ…

Read More

ကြမ်းတမ်းသည့် ဘဝခရီးလမ်းပေါ်မှ အနာဂတ်မျိုးဆက်သစ်

၂၀၁၃၊ ဇူလိုင် (၁၉) အာဇာနည်နေ့၊ နံနက် ၁၀ နာရီခန့်က မမိမိအေး တစ်ယောက် ငါးကျောညို ပုံရှေ့ထိုင်ကာ ဓါးကလေးတစ်ချောင်းဖြင့် ငါးတွေကို ကျွမ်းကျွမ်းကျင်ကျင် ခုတ်ထစ်၍နေသည်။ မမိမိအေးမှာ ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ဂျိတ္တောကျေးရွာရှိ ပုလဲရတနာ…

Read More

ယခုနှစ် ရခိုင်ရိုးရာရထားဆွဲပွဲတွင် ပါဝင်ဆင်နွဲသူ နည်းပါး

“ကုန်ရာသီတပို့တွဲ၊ ရထားပွဲနွှဲကပ်မေ”ရခိုင်သီခြင်းနှင့်အညီ နှစ်စဉ် တပို့တွဲလသို့ရောက်လေတိုင်း ကျင်းပမြဲ ဖြစ်သော ရခိုင်ရိုးရာ ရထားဆွဲပွဲကို ဖေဖော်ဝါရီလ(၂၃) ရက်နေ့က စစ်တွေတွင် ပဉ္စမအကြိမ် ကျင်းပရာ ရထား ဆွဲပွဲ၌ မြို့ပေါ်ရပ်ကွက် သုံးဆယ်ကျော် အနက် ရပ်ကွက်(၁၈)ခု သာလျင်…

Read More

စီမံကိန်းအရင်းခံဒေသမှ အနာဂတ်ပန်းပွင့်လေးများ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြဒေးကျွန်းတွင် ရေနက်ဆိပ်ကမ်းတည်ဆောက် နေသည်ကို သိရသဖြင့် ကျောက်ဖြူမြို့သို့ ရောက်တုန်းရောက်ခိုက် သွား၍လေ့လာချင်စိတ်က တဖွယ်ဖွပေါ်ပေါက်နေသည်။ ကျောက်ဖြူမြို့တွင်ရှိသော သန္တာမြေ ဘိုးဘွားရိပ်သာမှ ဆရာတော်၏ အကူအညီဖြင့် မြဒေးကျွန်ရှိ ပြိန်ချောင်ရွာသို့ ၂၀၁၂ ခု ၂…

Read More