ရန်ကုန်-စစ်တွေ ကုန်စည်တင်သင်္ဘောများ ထွက်ခွင့်မရသည်မှာ (၁)လနီးပါးရှိနေ
ရခိုင့်အသံ။ ။ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၂)ရက်။ ရန်ကုန်-စစ်တွေ ကုန်စည်တင်သင်္ဘောများ ထွက်ခွင့်မရသည်မှာ တစ်လနီးပါးရှိပြီး၊ စစ်တွေမြို့တွင် စားသောက်ကုန်ဈေးနှုန်း မထင်မှတ်ထားသည့် ဈေးနှုန်းများအထိ အဆမတန်မြင့်တက်လာနေကြောင်း ကုန်သည်များထံမှသိရသည်။ “အရင်တုန်းက ရန်ကုန်ကနေ စစ်တွေ မြို့ကို ကုန်စည်ပိုတဲ့အခါ…