အမှန်တရားကိုကြောက်တေလူရေ သမိုင်းကို ပစ်ပါယ်ဖို့အားထုတ်ကတ်တေ။ ဖုံးကွယ်ဖို့ လုံ့ပမ်းရေ။
မျက်ကွယ်ပြုဖို့ ဝါယမ စိုက်ကတ်တေ။မိန့်ပစ်ဖို့ကြိုးစားရေ။
သို့သော် သမိုင်းဆိုစွာက မိန့်ဖျောက်လို့ရရေ အရာမဟုတ်။ မတရားမှုတိ၊ ဖိအားတိကြောင့်
အချိန် ကာလတခုအတွင်း ငုပ်လျှိုးနီကေလေ့ တနိ သမိုင်းအမှန်တရားရေ အားမာန်အပြည့်နန့် ရုန်းကြွလာပြီးကေ လူသားရို့၏ အသိအာရုံကို နှိုးဆွပီးလိုက်ခါ အတိတ်က ဖြစ်ရပ်တိရေ ပကတိရှင်သန်
နိုးထလာပါရေ။
ဆရာတော်ဦးဥတ္တမပျံလွန်တော်မူလားရေ (၇၆) နှစ်မြောက်နိမာ မြန်မာနိုင်ငံအစိုးရ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက ဆရာတော်ဦးဥတ္တမ ပန်းခြံဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပရေ။ မြန်မာ့လွတ်လပ်ရေးမျက်စိကိုစလို့ ဖွင့်ပီးခရေ ဆရာတော်၏ဂုဏ်ကျေးဇုကို ဂုဏ်ပြုရေအနီနန့် လွတ်လပ်ရေးရခါစက ဦးဥတ္တမပန်းခြံပီးခကေလေ့ စစ်အစိုးရက ၁၉၈၉ မာ ဦးဥတ္တမပန်းခြံကို ကန်တော်မင်ပန်းခြံလို့ ပြောင်းပစ်လိုက်တေ။ ယင့်လုပ်ရပ်ရေ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုကို ကြီးစွာထိ ခိုက်စီရေ ဆိုစွာမသိလို့လား၊ ဆရာတော်က ရခိုင်ဖြစ်နီလို့လား
ဇာကြောင့်ဆိုစွာ ယင့်အချိန်က တာဝန်ဟိသူရို့ရာ သိကတ်ပါလိမ့်မေ။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မာ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ်ပြန်ပြောင်းပါရေ။
ဒေပန်းခြံလေ့ ဦးဥတ္တမဖြစ်လိုက်၊ ကန်တော်မင်ဖြစ်လိုက်နန့်။ ဆရာတော်ရာ သက်ဟိထင်ရှားဆိုကေ
ဇာလောက် ရယ်ချင်လိမ့် မေမသိ (ယင့်ချင်းထက် ဇာနိ ကန်တော်မင်ပန်းခြံသို့ပြောင်းပြန်မေမသိ။ ဒေပြည်မာက
တမင်းတက်တမျိုးဆိုခါ၊ လူတိကိုထား ပန်းခြံလေ့ သင်္ခါရနန့် နီးစပ်တေ)။
အမျိုးကိုချစ်တေ ဗမာပြည်ရောက် ရခိုင်သားရို့ ရွှေတိဂုံတောင်ဖက်မုခ်က ဦးဥတ္တမပန်းခြံကို အလုပ်ပျက် အကိုင်ပျက် ရောက်ဟိလာကတ်တေ။အလှပ အားရဖို့ကောင်းရေမြင်ကွင်း။
ယင်းအထဲမာ ရခိုင်နိုင်ငံရေးသမားတယောက်ကိုမမျှော်လင့်ဘဲ တွိလိုက်တေ။
သူရေ ဒေနိအခမ်းအနားမာ အားတက်သရော၊ အသီခံနရန်းကျ လုပ်နီစွာတွိရရေ။
သူနန့်ပတ်သက်လို့ လွန်ခရေ ၂၀၀၈ခုနှစ်ကို ပြန်လို့ အမှတ်ရလာရေ။သူကား အခြားလူမဟုတ်…
၂၀၀၈-ခုနှစ်ဆိုစွာက မြန်မာနိုင်ငံစစ်အာဏာရှင်လက်အောက်မာပြားပြားမှောက်နီရရေအချိန်။
စစ်အာဏာသျှင်စနစ် ရာသက်ပန်တည်မြဲဖို့၊ မဟာဗမာလူမျိုးကြီးထာဝရကြီးစိုးဖို့အတွက် သူရို့ တဖက်သတ်
ရွီးဆွဲထားရေ သီမင်းတမန် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအဓမ္မအတည်ပြုထားရေ ကာလ။
ဗမာပြည်ရေ ဂီရိမုန်တိုင်းကြောင့် သိသိပြွတ်နီရေ အခါသမယဖြစ်ပါရေ။
ယင်းအချိန်မာ ထိုင်းနယ်စပ်အခြီစိုက်ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနန့်လူငယ်များ အစည်းအရုံး
AASYC (All Arakan Students’ and Youths’ Congress)က ဆက်သွယ်လာရေ။ အဓိက ပြည်တွင်းမာ ရခိုင်အရေး လူထုလှုပ်ယှားမှု ငြိမ်းချမ်းစွာ ပုံဖော်ဖို့ဖြစ်တေ။ ကျောင်းသားလှုပ်ယှားမှု၊လူထုလှုပ်ယှားမှုတိကိုပုံဖော်ရာမာ ရခိုင်တောင်ဖက်ပိုင်းက ရမ်းဗြဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ဂွအထိ၊ မြောက်ဖက်ပိုင်း စစ်တွေမာ။ အပျော့စားလူထုလှုပ်ယှားမှု (ဂျိမ်းချပ်နည်း)နန့် ဆန်ပြဿနာနိ၊ ဆရာကြီးဦးဦးသာထွန်းနိ၊ ဆရာတော်ဦးဥတ္တမနိ၊ရခိုင်ပြည်ကျဆုံးနိတိမာ ကျောင်းသား လှုပ်ယှားမှု၊လူထုလှုပ်ယှားမှုတိအတွက် အားဖြည့်ပီး ဖို့၊ လိုအပ်ကေ စီစဉ်ပီးဖို့ အကူအညီတောင်းရေ။
ယင့်အချိန်က ညီမဖြစ်သူ မကြီး(ယခု ရခိုင့်အသံဂျာနယ် အယ်ဒီတာချုပ်) တာဝန်ယူ လာဆွေးနွေးရေ။ အမှန်ဆိုကေ စစ်အစိုးရလက်ထက်မာ ပြည်ပဆရားမဝင်အဖွဲ့အစည်းနန့်ဆက်သွယ်စွာတခုတည်းနန့်ပင် ထောင်နန်းစံရဖို့သေချာစွာသိကေလေ့ ရခိုင်လူငယ်တိနိုင်ငံရေးအသိကိုလေးစားလို့ တကြောင်း၊ ဆန္ဒပြဖို့၊စာကပ်ဖို့၊သပိတ်မှောက်ဖို့ဆိုကေ ထမင်းမိန့် ဟင်းမိန့် အချေခါကပင် ဝသီပါစွာက တကြောင်း၊ အမျိုးသားရေးလုပ်ငန်းဖြစ်နီစွာကတကြောင်း အကြောင်းကြောင်းကြောင့် ထောင်ကျလေ့ကျလီဖိ မထူးဆိုပျာ ကူညီဖို့ လက်ခံလိုက်တေ။
လက်ခံလိုက်စွာနန့် လှုပ်ယှားမှုအတွက်စီစဉ်ခါ စစ်တွေက အစ်မကြီး ဒေါ်ညိုအေးကို အကူအညီတောင်း ရရေ။ဒေါ်ညိုအေးပြီးကေ စစ်တွေ သံဃာတော်တချို့၊ အခြားသွက်လက်တေကျောင်းသားလူငယ်ချေ တချို့နန့် ညှိနှိုင်းကြည့်ခါ အားနုံးအိုကေ။
နောက်..တောင်ကုတ်က လူငယ်တိနန့်ရခိုင်ပြည်တောင်ဖက်ပိုင်း ရခိုင်အရေးလှုပ်ယှားမှုအတွက် အစီအစဉ်ချပြီးခါမှ ရှစ်လေးလုံး လမ်းလျှောက်ဆန္ဒပြမှုနန့် တောင်ကုတ်ကလူငယ်ရဲဖော်(၅)ယောက် ထောင်ထဲတန်းရောက်လားခရေ။[စကားချပ်။ ။ရွှေဝါရောင်နန့်အဖမ်းခံရရေ စစ်တွေက အသျှင်ဣဿရိယနန့် ၈-လေးလုံးအထိမ်းအမှတ် လမ်းလျှောက်ဆန္ဒပြမှုနန့် ထောင်ကျလားရေ တောင်ကုတ်က လူငယ် ငါးယောက်ဖြစ်တေ ကိုချစ်မောင်မောင်၊ ကိုသန်းလွင်၊ ကိုမောင်မောင်သက်၊ ကိုမိုးနိုင်စိုး၊ မနီနီမေမြင့်ရို့ ကိုဂျပန်နိုင်ငံက ဦးဥတ္တမဆုချီးမြှင့်ပါရေ]ယေကေလေ့ တောင်ကုတ်နိုင်ငံရေး အဟိန်ကား ပျက်လို့ မလား။
တစ် ပါလားကေ နှစ်၊ နှစ် အဆွဲခံရကေ သုံး၊ သုံးပြီးကေ လေး ဆိုပိုင် ဆန္ဒပြလို့ ထောင်ကျဖို့ တန်းစီထားရေ မြို့။
ရန်ကုန်မာ ကိုထွန်းလင်းကျော်၊ ကိုခိုင်ကျော်မိုး၊ ဘုတ်ဖား အစဟိရေ ရခိုင်လူငယ်တိနန့် ဆရာတော်ဦးဥတ္တမ အကြောင်းလက်ကမ်းစာစောင်၊ ဆရာတော်၏ ဓာတ်ပုံတိကို ပရိန့်ထုတ်၊ ဦးဥတ္တမပုံပါ တီချပ်တိလုပ်နန့် ထမင်းငတ် ဟင်းငတ်၊ မအိပ် မနီ လုပ်ကတ်ရရေ။ ယင်းခါက စစ်တပ်ဝင်ဖမ်းဖို့စွာထက် အလုပ်မပြီးဖို့ကို ကြောက်နီခရေ။ ထုတ်လုပ်ရေးပိုင်း ပြီးလားစွာနန့် စစ်တွေကို ယင်းပစ္စည်းတိပို့ဖို့ခါ လူမလောက်လိုက်ရာ။
ယေခါ တောင်ကုတ်က တီချပ်လာထုတ်တေရဲဖော် နှစ်ယောက်ထဲက တယောက်ကို ချောဆွဲပနာ အမ်းလမ်းကတဆင့် စစ်တွေသို့ တီချပ်တိ၊ စာရွက်စာတမ်းတိ အပို့လွှတ်လိုက်ရရေ။
သူ့ကိုမှာလိုက်စွာက “အလုပ်မပြီးခင်အဖမ်းမခံလီကေ့။အဖမ်းခံချင်ကေအလုပ်ပြီးခါခံ။အလုပ်ကိုမပျက်စီကေ့” လို့မှာလိုက်တေ(စစ်အစိုးရလက်ထက်မာ ကျနော်နန့် အလုပ်လုပ်တေလူ အနည်းဆုံးရဲဖော်၂၀လောက် ထောင်ထဲရောက်ခရရေ)။ သမင်မွီးယင်း ကျားစားယင်းဆိုပိုင် တယောက်ပြီးတယောက် ထောင်ထဲကိုစီ လားနီကတ်တေခါ လုပ်ဖို့လူမဟိရေအတွက် လွှတ်လိုက်ရကေလေ့ နပခ(စစ်တပ်)ကိုဖြတ်ရလို့ အမ်းကြောကို စိတ်မချ။ သို့သော် အမျိုးသားရေးအတွက် နောက်ဆုပ်လို့က မဖြစ်။
ယင်းပိုင်နန့် ၂၀၀၈၊စက်တင်ဘာ ၉ မာကျရောက်တေ(၆၉)နှစ်မြောက်ဆရာတော်ဦးဥတ္တမနိမာ စစ်တွေတက္ကသိုလ်ကျောင်းသားတိ၊စစ်တွေလူငယ်တိလက်ထဲကို ဆရာတော်သီးဥတ္တမပုံပါတီချပ်တိ အရောက်ပို့ နှိုင်ခရေပိုင် ဦးဥတ္တမဓာတ်ပုံနန့် စစ်တွေစာရွက်စာတမ်းတိကိုလူထုကြားထဲမာ ဖြန့်ဝီနှိုင်ခရေ။
ယင်းနှစ် စစ်တွေဦးဥတ္တမနိလူထုလှုပ်ယှားမှုတိကိုကြားရစွာ မျက်ရည်ဝဲရေအထိပင် အားတက်မိရေ။
စစ်တွေ သံဃာတော်ရို့လမ်းထွက်လာပြီးကေ ဦးဥတ္တမပန်းခြံ ဆရာတော်ရုပ်ထုရှိမာ ဂါရဝပြုရေသတင်း၊ ရခိုင့်တန်ဆောင် ဗွီဒီယိုရိုက်ကူးရေးက ဦးမောင်ညိုနန့်ဘုန်းကြီးအပါး (၃၀) ကျော်၊ ကျောင်းသား (၅၀) ကျော် အပါအဝင် စစ်တွေ ပြည်သူရို့ ဦးဥတ္တမပန်းခြံရှိသို့ ချီတက်ရောက်ဟိလာရေသတင်း၊ ကျောင်းသားလူငယ်တိ တီချပ်ဝပ်လှုပ်ယှားမှုသတင်း၊နောက် တီချပ်ဝတ်လူငယ်(၆)ယောက်လောက်ကို ရဲက ဖမ်းဆီးစစ်ဆေးရေ သတင်းတိကို အတိုင်းသားကြားနီရရေ။ဒေပိုင်ဖြစ်လာဖို့ ကျနော်ရို့ဖန်တီးခစွာမဟုတ်၊ ကျနော်ရို့က ပံ့ပိုး ကူညီရေအဆင့်ယာ။ ပြည်သူလူထုက မိမိရို့ကိုယ်ပိုင်နိုင်ငံရေးအသိနန့် ကြောက်မက်ဖွယ် ကောင်းရေ စစ်အာဏာသျှင်ကိုအံတုလို့ စစ်သီနပ်ပြောင်းဝတိကြားမာ အကြောက်တရားကင်းစွာ လှုပ်ယှားထွက်လာ ကတ်ခြင်းရာ ဖြစ်ပါရေ..။
ယင်းနိ တောင်ကုတ်၊သံတွဲဖက်မှာလေ့ လုံခြုံရေးတိတင်းကြတ်ထားရေကြားကပင် ဦးဥတ္တမနိအထိမ်းအမှတ် ဘုန်းကြီးကျောင်းတိမာ ဆွမ်းကပ်အမျှဝီစွာ၊ဦးဥတ္တမအကြောင်းစာရွက်စာတမ်းဖြန့်ဝီစွာ၊ ဦးဥတ္တမပုံပါတီချပ်တိနန့် စီတန်းလှည်းလည်စွာ၊ဘုရားတိမာ ဆုတောင်းပွဲလုပ်စွာ စရေ စရေ ကင်ပိန်းလှုပ်ယှားမှုတိကို မြိုင်မြိုင်ဆိုင်ဆိုင် လုပ်နှိုင်ခကတ်ပါရေ။
သို့သော် ၂၀၀၉ ခု၊နှစ်(၇၀)ပြည့် ဦးဥတ္တမနိမကျခင် ၅ရက်အလို စက်တင်ဘာ ၄ရက်နိမာ ဦးဥတ္တမ ဓာတ်ပုံ၊လက်ကမ်းစာစောင်၊တီချပ်လုပ်ပီးနီတုန်းတန်းလန်း ရခိုင်လူငယ် ၁၁ ယောက်ဖြစ်တေ ကိုခိုင်ကျော်မိုး၊ ကိုထွန်းလင်းကျော်၊ ကိုနိုင်စိုး(ခေါ်)မဲလုံး၊ ကိုကျော်စံသိန်း၊ ကိုဇော်ထွန်းနိုင်၊ ကိုအောင်မိုးဇော်၊ ကိုကျော်ဝင်း၊ ကိုမောင်နိုင်စိုး၊ ကိုအောင်နိုင်၊ ကိုရဲထက်စိုးနန့် နောက်တယောက်ရို့ကို ပုဒ်မအမျိုးမျိုးတပ်လို့ အာဏာပိုင်တိဆွဲလားခပါရေ။ယင့်အချိန်က စစ်အစိုးရရေ AASYC အဖွဲ့ဝင်တိဆိုပနာ ကြောက်ကောင်းထနန်း ဖောက်ခွဲရေး အပါအဝင် ဆီးဆောက်ခရောက်ပုဒ်မတိတပ်ပျာထားရေအတွက် AASYCလေ့ ပြည်တွင်းနန့် အဆက်အသွယ် မလုပ်ဝံ့ပါဗျာယ်။ ပွဲရက်ကနီး၊ လူတိကမဟိဆိုခါ ကျနော်မွမ်းလားပါရေ။
ယေဇု စစ်တွေကမိတ်ဆွေတယောက်ကို ဦးဥတ္တမစာစောင်အရေးပေါ်ထုတ်ဖို့ အကူအညီတောင်းရေ။ယေမာ သူ့ဘေးက လူတယောက်က “ဇာလေ..ရူးနီလားဒေလူတယောက်၊ ဦးဥတ္တမ ရခိုင်အတွက် ဇာတခုလုပ်ခလေး၊ ဗမာပြည်လွတ်လပ်ရေးအတွက်ယာလုပ်ခစွာကို ထောင်ကျခံလို့လုပ်နိကတ်တေ။ တခြားရခိုင်မာ လုပ်စရာ မမြင်ကတ်ရာလား ဂု”ဆိုပြီးကေ တံထွီးတချက် “ထွီ”လို့ထွီးပနာ ထလို့တုတ်လားခပါရေ။ သူပြောလိုက်တေစကားက ကျနော့်နားထဲက ဒေနိထိထွက်မလားသိမ့်ပိုင်၊ သူထွီးလိုက်တေ တံထွီးလေ့ ကျနော့်မျက်နှာမာ ဒေနိထိ အပြက်ပြတ်ကတ်နီပိုင်ခံစားနီရတုန်းပါ။
ယင်းနှစ်က ပွဲနားကတ်တေခါမှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ALDက ကိုမျိုးကျော် ဦးဥတ္တမ စတေကာနန့် ပမ်းဖလက်ကူညီပီးလို့ ရခိုင်ပြည်တောင်ဖက်အပိုင်းမာ နှစ်(၇၀)ပြည့် ဦးဥတ္တမနိအထိမ်းအမှတ်တိ လုပ်ဖြစ်ခကေလေ့ အဖမ်းအဆီးတိကြောင့်စစ်တွေဖက်ကို ပံ့ပိုးမှုမလုပ်နှိုင်ခ။ နောက် (၇၁)နှစ်မြောက်မာလေ့ ကိုယ်ရို့တတ်နှိုင်သမျှဆက်လုပ်ကတ်ပါသိမ်ရေ။
ဦးဥတ္တမပန်းခြံဖွင့်ပွဲအခမ်းအနားမာ အသီခံနရန်းကျ လုပ်ပြနီရေပုဂ္ဂိုလ်ကား အခြားလူမဟုတ်။ ၂၀၀၉-ခုနှစ် စက်တင်ဘာ(၇)ရက်နိ မိုးထဖက် ၉ချက်တီးခွဲမာ ဆရာတော်ဦးဥတ္တမ ရခိုင်အတွက်မလုပ်ဆိုပျာ ခါးခါးသီးသီး ပြောဆို လားခရေ ပုဂ္ဂိုလ်ပင်ဖြစ်ပါရေ။ ကျနော့်ရင်ဖတ်မာ တဆစ်ဆစ် နာကျင်ခံစားရင်း ယင်းအချိန်က မပြောဖြစ်လိုက်တေ စကားတိကို ဒေပိုင် ညည်းတွားနီမိပါရေ။
“ဒေမာ..မျိုးချစ်ကြီး၊ ကျနော်ရို့တိ ဦးဥတ္တမနိလုပ်ခစွာက ဆရာတော်၏ ဂုဏ်ကျေးဇူးကိုသိရုံလောက်ရာမဟုတ်၊ ရခိုင်ပြည်ကို ဓားမိုးအုပ်ချုပ်ထားရေ စစ်အာဏာသျှင်စနစ်ဆိုးကိုအံတုဖို့ တိုက်ကွက်တခုအနီနန့် အဖမ်းခံ၊ ထောင်ကျခံ၊ဘဝအပျက်ခံလို့ နိုင်ငံရေးအရ လုပ်ခကတ်စွာ ဖြစ်တေ။ရခိုင်နိုင်ငံရေးအရ အနှစ်သာရမပါကေ ဦးဥတ္တမဓာတ်ပုံကို ဘုရားကျောင်းမာတင်လို့နိတိုင်းရှိခိုးနီလီဖို့။ အာဏာသျှင်တိ နိုင်ငံရေးအမြတ်ထုတ်ဖို့ အတွက်လောက်ရာ ရုပ်ပြလုပ်ကေတော့ လုံး၀ အားမပီး”
မောင်လှိုင်(လမု)
(၀၉-၀၉-၂၀၁၅) ရက်နေ့
ရခိုင်အသံဂျာနယ် (VOL.3, NO 1) တွင် ဖော်ပြခဲ့သော စာရေးဆရာ မောင်လှိုင် (လမု)၏ ရေးသားထားချက်အား ပြန်လည်ဖော်ပြခြင်းဖြစ်သည်။