Headlines

ကမ္ဘာ့လူသားချင်းစာနာထောက်ထားရေးနေ့

၂၀၀၃ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့တွင် အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ ကနဲလ်ဟိုတယ်ကို ဗုံးခွဲတိုက်ခိုက်ခံရစဉ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အီရတ်နိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Sergio Vieira de Mello အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်း (၂၂) ဦး သေဆုံးခဲ့သည်။
ထိုသို့ သေဆုံခြင်း (၅) နှစ်ကြာပြီးနောက်တွင် ၎င်းတို့အား အောက်မေ့သတိရသည့် အနေဖြင့် “ကမ္ဘာလူသားချင်းစာနာထောက်ထားရေးနေ့” အဖြစ် ၂၀၀၉ ခုနှစ်၊ ဩဂုတ် (၁၉) ရက်နေ့တွင် ပထမဆုံးကျင်းပခဲ့ ခြင်းဖြစ်သည်။

ဤနေ့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်သူများ အသတ်ခံရမှု၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရမှုကို ကိုယ်စားပြုခြင်းဖြစ်သည်။ ထို့အပြင် ဘ၀၏ အလိုအပ်ဆုံးအချိန်တွင် လူသားချင်းစာနာထောက်ထားသော အသိစိတ်ဖြင့် အသက်ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကိုအဓိကထား လုပ်ဆောင်ပေးခဲ့သည့် ကျန်းမာရေး၀န်ထမ်းများအားလုံးကို ချီးကျူးဂုဏ်ပြုသည့်နေ့လည်းဖြစ်သည်။

အဆိုပါနေ့သည် သဘာဝဘေးအန္တရာယ်များ၊ ပဋိပက္ခများနှင့် အခြားအရေးပေါ်အခြေအနေများကဲ့သို့သော အကျပ်အတည်းများကြောင့် ထိခိုက်ခံစားရသူများအား ပံ့ပိုးကူညီရန် ကမ္ဘာလုံးဆိုင်ရာလုပ်ဆောင်ချက်ကို အားပေးရန် ရည်ရွယ်ပါသည်။

၂၀၁၀ ခုနှစ်မှ စ၍ အဓိက‌ဆောင်ပုဒ်များနှင့် အတူကျင်းပလာခဲ့ကြသည်။ ၂၀၂၃ ခု၏ အဓိက ဆောင်ပုဒ်မှာ “It takes a village” ဖြစ်ပြီး “လူသားချင်းစာနာထောက်ထားမှုဆိုသည်မှာ ကမ္ဘာ့ရွာသားများအားလုံးက ကူညီဆောင်ရွက်ပေးရသည်ဟု ဆိုလိုသည်။ ကမ္ဘာ့မိတ်ဖက်အဖွဲ့အစည်းများမှ လူသားချင်းစာနာ‌ထောက်ထားရေးအကူအညီများကို ရယူနိုင်ရန် အပြင် လူသားတို့၏ အသက်ရှင်သန်ရေး၊ ကျန်းမာစွာရှိရေးနှင့်လူ့ဂုဏ် သိက္ခာကိုပြန်လည်ရရှိရေးတို့အတွက် ညီညွတ်စွာလုပ်ဆောင်ကြရန်ရည်ရွယ်သည်။

၂၀၂၄ ခုနှစ် ကမ္ဘာ့လူသားချင်းစာနာမှုနေ့အတွက် ဆောင်ပုဒ်မှာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေဖြစ်သည်။ လူသားအားလုံးအတွက် ကာကွယ်ရေး၏ အရေးကြီးပုံကို မီးမောင်းထိုးပြထားသည်။ အကြမ်းဖက်မှု လုပ်ရပ်များကို ရပ်တန့်ရန်နှင့် ကျူးလွန်သူ၏ အပြစ်ပေးခံရခြင်းအား ရပ်တန့်ရန် တောင်းဆိုထားပြီး စစ်ပွဲ၏ စည်းမျဥ်းစည်းကမ်းများကို ပိုမိုလေးစားရန်နှင့် အာဏာရှိသူများအတွက် တာဝန်ခံမှုကို ပိုမိုအလေးထားရန် တိုက်တွန်းထားခြင်းပင် ဖြစ်သည်။
ဇာဇာ