၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်
စစ်ကောင်စီတပ်မှ တောင်ကုတ်မြို့နယ်ရှိ ကျေးရွာများကို မကြာခဏ ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ကျေးရွာအချို့မှ ရွာသားများမှာ ရွာတွင် အမြဲမနေရဲဘဲ ရှောင်တိမ်းနေကြရခြင်း ဖြစ်ရာ မောင်ရွာသားများမှလည်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်လာမည်ကို စိုးရိမ်၍ ရှောင်တိမ်းနေကြသည်။
စစ်ကောင်စီတပ်မှ မောင်းရွာကို အောက်တိုဘာလ ၃၀ ရက်နေ့၊ နေ့လည် ၁၂ နာရီခန့်က ဂျက်ဖိုက်တာတစီးဖြင့် မောင်းရွာကို ဗုံး (၂) လုံးကြဲချခဲ့ခြင်းကြောင့်ရွာသား (၆) ဦး သေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ရွာသားတွေက လေယဉ်ကို ကြောက်လို့ တောထဲမှာ ရှောင်နေကြတာ၊ အဲဒီနေ့က ရိက္ခမရှိလို့ ဈေးလာဝယ်ကြတာလို့ သိရတယ်။ အဲဒီမှာ လေယဉ်နဲ့ ဗုံးကြဲလိုက်တာ၊ ပထမ (၅) ဦးသေးတယ်၊ ဒဏ်ရာရ လူနာတွေကို တိုက်နယ်ဆေးရုံးတခုသွားပို့တာ မခင်ခင်စန်းက လမ်းမှာ ဆုံးသွားတယ်လို့ ပြောတယ်၊ ကျန်တဲ့ လူနာတွေကတော့ ဆေးရုံကို ရောက်သွားခဲ့ပြီလို့ ပြောတယ်” ဟု ဒေသခံ တဦးက ဆိုသည်။
သေဆုံးလားသွားသူများမှ မောင်းရွာမှ မစုမြတ်ဝင်း(၁၄နှစ်) ၊ မဝတ်ရည်ဝင်း (၁၄နှစ်) ၊ ဒေါ်မကျန်တင် (၄၈နှစ် )၊ ကိုနိုင်လင်းစိုး(၃၁ နှစ်)၊ ဒေါ်ခင်ခင်စန်း (၄၇နှစ်) နှင့် ဒေါ်ကျန်တင် (၄၉)နှစ် တို့ဖြစ်ကြောင်းနှင့် ဒဏ်ရာရသူများမှာ မောင်းရွာက မစုမာဖြိုး(၁၇နှစ်)၊ ဒေါ်တင်အေး(၆နှစ်)၊ ဦးမောင်ဖြူချေ(၃၆နှစ်)နှင့် ဦးသောင်းအေး(၅၆နှစ်)တို့ဖြစ်ကြောင်း သိရသည်။