၂၀၁၄ ခုနှစ်၊ မေလ (၂၄) ရက်
ပြည်နယ်အစိုးရမှ သိန်းပေါင်း(၄၀၀၀)ကျပ်ဖြင့် လေလံရယူတည်ဆောက်နေသည့်အမှတ်(၂) ဆိပ်ကမ်း င/လပွေ့တံတားတည်ဆောက်ပြီးစီးမှုလုပ်ငန်း အချိန်တစ်လနောက်ဆုတ်သတ်မှတ်လိုက်ကြောင်းတံတားတည် ဆောက်နေသည့် ကျောက်ဖြူဒေသဖွံ့ဖြိုးရေးကော်ပိုရေးရှင်းမှသိရသည်။
ကျောက်ဖြူငလပွေ့တံတားကိုယခုနှစ် ဇွန်နဝါရီလမှ စတင်တည်ဆောက်လာခဲ့ပြီး မေလနောက်ဆုံးအပတ်တွင်ပြီးစီးနိုင်ရန် သတ်မှတ်ခဲ့သော်လည်း တံတားတည်ဆောက်ရန် လုပ်သားအင်အားများ၊ စက်ယန္တာရားများနှင့်ဆောက်လုပ်ရေးပစ္စည်းများကို လုံလောက်စွာ သုံးစွဲမှုမရှိခြင်းကြောင့် ပြီးခဲ့သည့်မတ်လအတွင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ကျောက်ဖြူခရီးစဉ်တွင် တံတားတည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရူစစ်ဆေးပြီးသတ်မှတ်ချိန် အတွင်းအမြန်ပြီးစီးနိုင်ရန်မှာကြား ခဲ့ကြောင်းသိရှိရသည်။
တံတားတည်ဆောက် ရာတွင်ချောင်းကမ်းပါးနေရာ တစ်ဖက်တစ်ချက်စီကို ပေ(၁၀၀) ထိ ကွန်ကရစ်တာဘောင်ဆည်ဖို့ပြီးတံတားအကျယ်ကိုချုံ့ကာ တည်ဆောက်နေသည့်အတွက် မိုးရာသီတွင်ရေအင့်မှု ဖြစ်ပေါ်နိုင်ပြီးငလပွေ့နှင့် ကုလာဘာတောင်မြေနိမ့်ပိုင်း ရပ်ကွက်များသို့ ရေများပြည့်လျှံစွာ ဝင်ရောက်နိုင်ပြီး လူနေအိမ်များကို ရေဖုံးလွှမ်းခြေရှိသည့်အတွက်ဒေသခံများ အနေဖြင့်စိုးရိမ် ပူပန်မှုများရှိနေကြကြောင်း သိရ သည်။
“င/လပွေ့တံတားချောင်းက မိုးရာသီမှာ ရေစီးကြမ်းတယ်။ ချောင်းကျဉ်းလာတဲ့အတွက်ရေထွက်နှုန်းနည်းလာပြီး ရေရှည်မှာတာဘောင်တွေ ထိခိုက်လာမယ့် သဘောရှိတယ်။ ဒီတံတားမှာ မိုးရာသီဆိုရေအင့်မှု ဖြစ်ပွါးနိုင်တယ်။ မြေနိမ့်ပိုင်းလူနေရပ်ကွက် တွေကို ရေဖုံးလွှမ်းနိုင်ခြေရှိတဲ့အတွက် စိုးရိမ်နေရပါတယ် ဟုကုလားဘာတောင်ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။
င/လပွေ့ ချောင်းတံတားမှာယခင်ကပေ(၂၅၀)ကျော်ရှိခဲ့ပြီး ချောင်းကမ်းပါးတဖက်တချက်စီတွင် လက်ရှိ တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီဝန်ထမ်းတချို့ကအိမ်ရာမြေ ရရှိရေးအတွက်ပေ(၁၀၀)ထိကွန်ကရစ် တာဘောင်ဆည်ဖို့ကာတံတားအရှည်ကိုချုံ့ယူပြီးတည်ဆောက်နေ ခြင်းကြောင့် တံတားအရှည် (၄၀)ပေ၊ အကျယ်(၃၁)ပေ၊ အမြင့် (၁၈)သာရှိပြီး ယင်းတံတားမှာယခင်ကထက် ကျဉ်းမြောင်းသွားခြင်းဖြစ်ကြောင်းသိရသည်။