Headlines

စစ်ကောင်စီမှ ဗုံးကြဲသဖြင့် ကုလားပြင်ကျေးရွားမှ အမျိုးသမီး (၂) ဦး၊ အမျိုးသား (၂) ဦးဒဏ်ရာရရှိ၊ ဆေးကုသရန် အကူအညီလိုအပ်နေ

၂၀၂၄ အောက်တိုဘာ (၆) ရက်
ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကုလားပြင်(ရတနာမြိုင်) ကျေးရွာသို့ (၀၅.၁၀.၂၀၂၄) ရက်နေ့က စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲခြင်းကြောင့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဒဏ်ရာ ရရှိသူများမှာ ဆေးကုသရန် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။
“မနက်၈နာရီလောက်မှာ လေယာဉ်နဲ့ဝဲပြီး ဗုံးကြဲတာ ၊ ဗုံးက အိမ်နှစ်အိမ်ကြားကိုကျတာ ၊ နီးတဲ့အိမ်ကတော့ အများကြီးပျက်စီးသွားတယ်၊ လူတွေကတော့ ဗုံးစမှန်တာပေါ့၊ ဒဏ်ရာရသူတွေမှာလဲ ထည့်စရာဆေးမရှိ၊ သောက်စရာလဲဆေးမရှိဘူး၊ တော့မှာလဲဒဏ်ရာရသူတွေအများကြီး၊ ဒုက္ခရောက်ကြရတယ်၊ ခေါင်းထိထားတာကလဲ ခေါင်းတခုလုံးနာပြီး အနာပြောက်ဖို့တောင် သောက်ဖို့ဆေးမရှိဘူး၊ စစ်ဖြစ်နေတာကရပ်သွားတာမဟုတ်ဖူး၊ အသက်မသေဖို့အတွက် ပြေးကြရတယ်၊ ရှောင်းရတယ်၊ ဒဏ်ရာတွေနဲ့စဉ်းစားသာကြည့်၊” ဟု ဒေသခံတဦးမှ ပြောပြာသည်။
အဆိုပါနေ့က စစ်ကောင်စီတပ်နှင့် ULA/AA တို့ ကုလားပြင်ကျေးရွာ တံတားထိပ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်မှ လေယဉ်ဖြင့် ဗုံကြဲရာတွင် ကုလားပြင်ရွာသို့ ကျရောက်ပေါက်ကွဲကာ လူနေအိမ်များ ပျက်စီးကာ အသက် (၆၀) ကျော် အမျိုးသမီးတဦး၊ အသက် (၃၀) ကျော် အမျိုးသမီး (၁) ဦး၊ အသက် (၃၀) အမျိုးသားတဦး၊ အသက် (၂၀) ကျော် အမျိုးသားတဦးတို့ ဒဏ်ရာ ရရှိခဲ့ခြင် ဖြစ်သည်။
ယနေ့တွင်လည်း စစ်ကောင်စီတပ်မှ လေယဉ်များ ပျံသန်းနေခြင်းကြောင့် ကျေးရွာသားများမှာ ကြောက်လန့်က နီစပ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။
ဒေါင်းမြရင်