ရခိုင်အသံ။ Aug 29, 2013
၂၀၁၂/၂၀၁၃ ပညာသင်နှစ်အတွင်း ရခိုင်စာသင်ရိုးစာအုပ်များကို သင်ကြား
မည့်ကျောင်းများသို့ပေးပို့ ထားပြီး
ဖြစ်သော်လည်းယနေ့တိုင်သင်ကြားခြင်းမရှိသေးကြောင်း
ရခိုင်ပြည်နယ်မူလတန်းကျောင်းဆရာများက ပဲ့တင်သံ ကိုပြောသည်။
ရခိုင်စာသင်ကြားရေးအတွက် ပြည်နယ်အစိုးရ၏အဖွဲ့ဝင်၂၇ဦးပါ ရခိုင်စာ
သင်ရိုးကော်မတီက မတ်လ ၉ ရက်နေ့မှ ဧပြီ ၇ ရက်အတွင်း “သူငယ်တန်း၊ ပထမတန်း၊
ဒုတိယတန်း” အတန်း သုံး တန်းအတွက် သင်ရိုးများ ရေးဆွဲ ခဲ့ပြီးနောက်၊
ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်ပုံနှိပ်ခဲ့ပြီး၊ သြဂုတ်လ
၁၅ရက်နေ့မှစ၍ တစ်နိုင်ငံလုံးရှိ ရခိုင်စာသင်မည့် ကျောင်းများသို့
ပေးပို့ထားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာ နေရခြင်း
ဖြစ်သည်။
“သင်ရိုးစာအုပ်တွေကတော့ရောက်နေပြီ။ဒါပေမယ့်ဘယ်နေ့သင်ရမယ်ဆိုတာတော့ခုထိညွှန်ကြားတာ
မရှိသေး ဘူးဗျ”ဟု စစ်တွေ မြို့မှ မူလတန်းဆရာတစ်ဦးက ပြောသည်။
ထိုသို့ကြန့်ကြာနေရခြင်းမှာဆရာကိုင်ပြုစုရေးနှင့်ဆရာလမ်းညွှန်သင်တန်းများပို့ချရေးတို့ကျန်နေသေး၍ဖြစ်
ကြောင်းရခိုင်စာသင်ရိုးညွှန်းတမ်းရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌ
ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဆိုသည်။
သင်ကြားရေးအစီအစဉ်နှင့်ပတ်သက်၍“ ရခိုင်သင်ရိုးတွေကို ပို့ပြီးသွားရင်
ဆရာကိုင်တွေကို ဆက်ပြုစုရမယ်။ ပြီးတဲ့အခါကျတော့ ဆရာတွေကို
သင်နည်းလမ်းညွှန်ပို့ချပေးရအုံးမယ်။ ဒါတွေကို အချိန်ယူ
ဆောင်ရွက်ပြီးတော့မှ စာသင်ကျောင်းတွေမှာ ရခိုင်စာ ဘယ်နေ့ စသင်မယ်ဆိုတာကို
တိတိကျကျ ထုတ်ပြန်ပေးနိုင်မှာပါ”ဟသူကဆက်ပြောသည်။
အစောပိုင်းကာလကယခုနှစ်ကျောင်းဖွင့်အမီသင်နိုင်ရေးကြိုးပမ်းခဲ့သော်လည်း
အဆင့်ဆင့် ဆောင်ရွက်နေရ၍
ယခုကဲ့သို့ကြန့်ကြာနေရခြင်းဖြစ်သည်ဟုသင်ရိုးညွှန်းတမ်းရေးဆွဲရေး
ကော်မတီအတွင်းရေးမှူး ဦးဇော်ဝင်းနိုင်က ပဲ့တင်သံကို ပြောသည်။
ယခုနှစ် ရခိုင်စာ သင်ယူရန်အဆိုပြုထားသည့် ရန်ကုန်တိုင်းဒေသကြီးနှင့်
ရခိုင်ပြည်နယ် မှ ကျောင်းများ၌သာ ယခုနှစ်
ပညာသင်နှစ်အတွင်းသင်ကြားမည်ဖြစ်ပြီး၊ ရခိုင်စာသင်ရန် နောက်ထပ် အဆိုပြု
လာပါက နောင်နှစ်များတွင် သင်ကြားနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဟုလည်း
ကော်မတီမှသိရသည်။
ယခုနှစ်အတွက် ရခိုင်စာကို စာသင်ကျောင်း ပေါင်း
၂၅၂၄ကျောင်းတွင်၊သူငယ်တန်း၈၃၇၀၁ ဦး၊ ပထမတန်း ၇၉၆၄၂ဦး၊ ဒုတိယတန်း
၅၅၄၄၅ဦးတို့စာရင်း ပေးသွင်း ထားပြီး၊စာသင်သားပေါင်း ၂၁၈၇၈၈ဦးတို့
သင်ကြား ကြမည်ဖြစ်သည်ဟုလည်း ပညာရေးဌာနမှသိရှိရသည်။
ရခိုင်စာသင်ယူမည့် စာသင်သား ၃၀ ပြည့်လျှင် ဆရာတစ်ဦးစီကို သီးသန့် ငှား၍
ဆရာ၏လစာကို အစိုးရက ပေးသွားမည်ဟု ဦးဇော်ဝင်းနိုင်က ဆိုသည်။
သို့ရာတွင် ပညာရေးဝန်ကြီးဌာန၏ ရခိုင်စာကို ကျောင်ချိန်ပြင်ပတွင်
သင်ကြားရန်နှင့် မယူမနေရမဟုတ်သည့် အပို ဘာသာရပ်တစ်ခုအဖြစ်ဖြင့်သာ
သင်ကြားရန်လမ်းညွှန်ချက်အပေါ် ဘဝင်မကျဖြစ် သူများလည်းရှိနေသည်။
သင်ရိုးညွှန်းတမ်း ရေးဆွဲရေး ကော်မတီအဖွဲ့ဝင်ဝင် ဆရာတော် ဦးကုသလက
“ရခိုင်စာ သင်ခွင့်ရသည့်
အပေါ်ကြိုဆိုပါသော်လည်း၊ရခိုင်စာကိုအပိုသင်ဘာသာမဖြစ်သင့်ဘဲကျောင်းချိန်အတွင်းမသင်မနေရစနစ်ပြဋ္ဌာန်းသင့်ကြောင်း”
အကြံပြုမိန့်ကြားခဲ့သည်။
ရခိုင်လူမျိုးများ အနေဖြင့် ၁၇၈၄ခုနှစ် ရခိုင်ပဒေသရာဇ်နိုင်ငံတော်
ကျဆုံးခဲ့ရပြီးချိန်မှစ၍ နှစ်ပေါင်း၂၂၈နှစ်ကြာ သည်အထိ သင်ခွင့်မရခဲ့သည့်
ရခိုင်စာကို ပထမဆုံးအကြိမ် သင်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း
ရခိုင်ဒေသခံတို့ကဆိုကြသည်။