Headlines

ရန်ကုန်- သံတွဲပြေးဆွဲသော အောင်သစ္စကား ဘရိတ်ပေါက်ကာ တောင်အောက်သို့ကျသွား ခရီးသည် ၁၄ သေဆုံးကာ၊ ၃၃ ဦးဒဏ်ရာရ

ရခိုင့်အသံ။ Jan 23, 2013,
ရန်ကုန်- တောင်ကုတ်- သံတွဲသို့ပြေးဆွဲနေသည့် ၉က/၃၅၁၆
အောင်သစ္စာ(လေအိပ်ကား)သည် တောင်ကုတ်မြို့နှင့် မိုင်(၃၀) ခန့်အကွာ၊
ရခိုင်ရိုးမတောင်တန်းပေါ်ရှိ နေပူတောင်နှင် စလူရွာ အကြားတွင် ဇန်နဝါရီ
၂၃နက်နေ့ နံနက် ၃ နာရီခန့်က ကားဘရိတ်ပေါက်ကာ တောင်အောက်သို့
ထိုးဆင်းသွားသဖြင့် ခရီးသည် ၁၄ ဦးသေးဆုံးပြီး ၃၃ဦး
ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူ ၁၄ ဦးမှာ ယာဉ်မောင်း ဦးဇော်မင်းနိုင် (ဥသျှစ်ပင်)၊
ယာဉ်နောက်လိုက် ကိုဇော်မင်းသိန်း(သံတွဲ)၊ ဦးထွန်းထွန်း(သံတွဲ)၊
ကိုပု(သံတွဲ)၊ ကိုအောင်သန်းထွန်း(တောင်ကုတ်)၊ ကိုဇော်လတ်(ပြည်)၊
ကိုအောင်စိုးနိုင်(သံတွဲ)၊ ဒေါ်မိုးမိုး(သံတွဲ)၊ ဒေါ်လှသိန်း(သံတွဲ)၊
ဒေါ်တင်ဝင်း(ပြည်)၊ ဒေါ်သန်းသန်းဝင်း(သံတွဲ)၊
ဒေါ်သင်းသင်းဝင်း(မြောဥက္ကလာရပ်ကွက်၊ရန်ကုန်)၊
မအေးမြဖြူ(မြောက်ဥက္ကလာ၊ရန်ကုန်)၊ ဒေါ်ခင်မိုးဝင်း (ရွှေပြည်သာရပ်ကွက်၊ပြည်)
တို့ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိသူ ၃၃ ဦးမှာလည်း ခြေကျိုးလက်ကျိုးဖြစ်ကာ တစ်ချို့ကို
တောင်ကုတ်ဆေးရုံ၌ဆေးကုသနေပြီး တစ်ချို့ကို
သံတွဲဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။
အဆိုပါ ခရီးသည်တင်ကားသည် ဇန်နဝါရီ ၂၂ ရက်နေ့ညနေ ၃ နာရီခန့်က ရန်ကုန်မှ
ထွက်ခွါလာခဲ့ရာ စီးနင်းလိုက်ပါသည့် ခရီးသည်အမည်စာရင်းတွင် ဦးသုမန
(၁/မကန(သ) ၀၀၀၄၂၇)၊ ဦးသာဝရ (၁၂/ရမသ(သ)၀၀၀၃၀၀) ၊ ထွန်းထွန်းဦး(၇/မပန .
၁၂၉၅၈၃)၊ ဒေါ်တင်ဝင်း ( ၇/ မပန . ၀၈၀၈၄၇)၊ ဦးမျိုးမင်းထွန်း၊
အောင်သန်းထွန်း၊ အောင်စံသိန်း ( ၁၁/တကန . ၀၄၁၉၂၆)၊ ကိုအောင်ကျော်သန်း၊
ဦးအောင်စိုးနိုင် (၁၁/သတန. ၀၀၃၆၆၆)၊ ကိုဝင်းဇော် (၁၁/ တကန.၀၆၀၆၉၉)၊
ရှင်းသန့်ဇော် ( ၁၄/ဒဒရ. ၁၉၅၃၃၅) ၊ မမိုးမိုး (၁၁/သတန . ၀၂၀၄၀၁)၊
ဒေါ်လှသိန်း (၁၁/ သတန. ၀၁၄၀၀၄ ဦးကျော်တင့်၊ ဦးစိုးရွှေ (၁၁/ ရသတ.၀၅၆၁၃၁)၊
ဝင်းသိန်း (၇/ညလပ.၀၀၁၉၂၄)၊ ကိုအောင်မြင့်မိုး (၁၁/သတန. ၀၁၅၅၇၈)၊ ကလေး၊
ကိုထွန်းထွန်း (၁၁/သတန.၀၁၅၅၉၃)၊ ဒေါ်ခင်မာသန်း ( ၁၁/ သတန.၀၁၅၅၉၂)၊
ပြည့်စုံအောင်(၁၁/သတန.၀၉၈၅၁၃)၊ သူရိန်ထွန်း (၁၀/မလမ.၁၂၉၃၃၃)၊
ဦးသိန်းထွန်း(၁၁/မအန.၀၁၀၀၃၇)၊ ကိုအောင်စန်းဝင်း ၊ ကျော်တင် (၁၁/မအန.
၀၀၈၅၂၃)၊ နေလင်းထွန်း၊ ကိုမျိုးထက်( ၉/မကရ.၁၄၄၆၄၀)၊ ကိုလင်းဇော်ဦး
တို့ပါရှိကြောင်းသိရသည်။