Headlines

အိမ်ရှင်မ နှင့် ကုန်စျေးနှုန်း

မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီး (၃) နှစ်တာကာလအတွင်း ကုန်စျေးနှုန်များ တရှိန်ထိုး တက်လာခြင်းကြောင့် အိမ်ရှင်မများသည် ဝင်ငွေထွက်ငွေ မမျှတဖြစ်ကာ ပြသာနပေါင်း များစွာဖြင့် ရင်ဆိုင်နေကြရပါသည်။ ထို့အပြင် ကုန်စျေးနှုန်းနှင့်အတူ ဒေါ်လာစျေး၊ ရွှေစျေး နှင့် စက်သုံးဆီစျေးနှုန်းများလည်း အဆမတန် တိုးတက်နေပါသည်။ ယခင်အာဏာမသိမ်းခင်အချိန်က နှင့် ယခုအချိန်အထိ ကုန်စျေးနှုန်းတွေသည် ၃ဆ၊ ၄ဆ အထိ ကျော်တက်လာပြီး အာဏာမသိမ်းခင်ကာလနှင့် နှိုင်းယှဉ်လျှင် (၁၀)ဆ အထိ မြှင့်တက်နေကြောင်းတွေ့ရှိရပါသည်။
‘’တစ်ချို့အိမ်ရှင်မများသည် ကုန်ကျစားရိတ်များသောကြောင့် လစာဝင်ငွေ နှင့်ထွက်ငွေမမျှသောကြောင့် အကြွေးယူပြီး ဖြေရှင်းနေရသောကြောင့် အကြွေးပြသနာများကိုလည်း ရင်ဆိုင်ဖြေရှင်းနေရကြောင်းကို ‘’ကုန်စျေးနှုန်းက အဆမတန်တက်နေတယ်။ လစာက တိုးမလာတဲ့အပြင် အရင်က ရုံးသွားရင် ၂ထောင်ပေးရတဲ့နေရာမှာ အခုက ၁သောင်း ပေးနေရတဲ့အခြေအနေပေါ့နော်. ပြီးရင် တစ်ရက်တစ်ရက် စျေးဖိုးမလောက်လို့ သူများဆီကနေ အတိုးနဲ့ အကြွေးယူပြီး လှည့်သုံးနေရတော့ အတိုးကပေးရတာနဲ့ ပိုက်ဆံလည်း ပြန်မဆပ် နိုင်ဘူး။ အလုပ်တွေကလည်းရှားလာတယ်။ မငတ်ရုံအနေအထားနဲ့ မနည်းအသက်ရှင်အောင် နေနေရတဲ့ အခြေအနေ တစ်ခုဖြစ်နေတယ် လို့” ရန်ကုန်မြို့ရှိ အိမ်ရှင်မ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် စျေးတက်လာသည့် စားသုံးဆီများကိုလည်း ပြည်တွင်းစျေးကွက်တွင် လိုသလောက်ဝယ်လို့မရတဲ့အခြေအနေ များလည်းရှိနေပါသည်။
‘’ဆီသွားဝယ်ရင်လည်း ကိုယ်လိုချင်တဲ့ပမဏာကို မရောင်းပေးဘူးလေ အကန့်အသတ်ရှိတယ် သူတို့ရောင်းသလောက်ပဲကိုယ်က ဝယ်ရတာ ပိုက်ဆံ ရှိရှိ မရှိရှိပေါ့။ ပြီးရင် ရပ်ကွက်ထဲမှာဆိုလည်း တန်းစီပြီးတော့ ကဒ်နဲ့ဝယ်ယူရတာမျိုးတွေလည်းရှိတယ်။ ဆီတန်းစီရာမှလည်း မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတောင်းတယ်။ အဲလိုမျိုးတွေပေါ့နော် ပြောင်းလဲသွားတာ။ ပြည်သူတွေ အခက်အခဲအများကြီးပေါ့ဗျာ”ဟု ရန်ကုန်ဒေသခံတစ်ဦးက ပြောသည်။
ရန်ကုန်မြို့ရှိ ရပ်ကွက်အများစုမှာလည်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းလုပ်ငန်းရှင်များအသင်းမှာ စားသုံးဆီရောင်းချခွင့် ကိုယ်စားလှယ် မလျှောက်ပဲ ဆီရောင်းချခွင့် မပြုလုပ်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကတစ်ဆင့် သတိပေးထားတာလည်းတွေရပါသည်။
စားသုံးဆီများကို အလွယ်တကူ ဝယ်ယူရန် အခက်အခဲများရှိသည့်အပြင် စျေးနှုန်းအဆမတန် မြှင့်တက်နေခြင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စျေးနှုန်းများလည်း မြှင့်တက်ယုံသာမက အသား၊ ငါး၊ ဟင်းသီးဟင်းရွက် များကလည်း အဆမတန် မြှင့်လာကြောင်းကို နေ့စဉ် စျေးဝယ်နေတဲ့ အိမ်ရှင်မများထံကသိရပါသည်။
၂၀၂၄ ခုနှစ်ဩဂုတ်လမှ စပြီး ကြက်သွန်ဖြူစျေးသည် တစ်ဆယ်သားကို (၂၅၀၀) အထိ စျေးတက်သွားပြီး စစ်ကောင်စီက အာဏာမသိမ်းခင် အခြေအနေတွင် တစ်ဆယ်သားကို (၆၀၀) ခန့်သာ ရှိကြောင်းကိုလည်း သိရပြီး ဘဲဥ၊ ကြက်ဥ စျေးနှုန်းများသည်လည်း (၁) လုံးကို ကျပ် (၆၀၀) အထိ စျေးတက်သွားခဲ့ကြောင်းသိရှိရပါသည်။
လက်ရှိတွင် မြန်မာနိုင်ငံရေးအကျပ်အတည်းများ ကြောင့် စီးပွားရေးအပေါ် ရိုက်ခတ်လာမှုများသည် ထိခိုက်မှုကြီးမားလွန်းကြောင်းကို ကမ္ဘာ့ဘဏ်က အစီရင်ခံစားတွင် သတိပေးထားသည်ကို လည်းတွေ့ရပါသည်။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း ဆိုးရွားလာသည့် အကျပ်အတည်းများနှင့် စစ်ကောင်စီ ၏ လက်တွေ့မကျသည့် အမူဝါဒများကြောင့် တိုင်းပြည် ၏ စီးပွားရေးသည် တောက်လျှောက် ထိခိုက်သွားပြီး အခုတလော ပြည်သူများသည် အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်ဖြတ်သန်းနေခြင်းများနှင့် ကြုံတွေ့ခံစားနေရကြောင်းကိုလည်း ကမ္ဘာ့ဘဏ်က အစီရင်ခံတွင် ထောက်ပြ ထားပြီး ၂၀၂၃ ခုနှစ် အတွင်း ကျပ် (၂)သောင်းတန်ထုတ်ခဲံသည့် နောက်ပိုင်းတွင် ကျပ်ငွေတန်ဖိုးသည် အဆမတန် ကျဆင်းသွားပြီး ငွေကြေးဖောင်းပွမှုများရှိလာသည့်အပြင် ကုန်စျေးနှုန်းများသည် တဟုန်ထိုး မြှင့်တက်လာပြီး အခြေခံလူတန်းစားအများစုသည် စားဝတ်နေရေးအခက်အခဲများကြောင့် အရင်ထက် ဆပေါင်းများစွာ ရုန်းကန်လာကြရပါသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံအတွင်း ဆိုးရွားလာသော အကျပ်အတည်းများနှင် စစ်ကောင်စီ၏ လက်တွေ့မကျသော မူဝါဒများကြောင့် တိုင်းပြည်စီးပွားရေးမှာ တလျှောက်လုံး ထိခိုက်သွားနိုင်သည့် အခြေအနေ ကြုံနေရကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ထောက်ပြထားသည်။
၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းက ကျပ်နှစ်သောင်းတန်များ ထုတ်ခဲ့ပြီးနောက်ပိုင်းတွင် ကျပ်ငွေတန်ဖိုးကျ၊ ငွေကြေးဖောင်းပွကာ ကုန်ဈေးနှုန်းများ တဟုန်ထိုးကြီးမြင့်လာပြီးနောက် အခြေခံ လူတန်းစားအများစုမှည စားဝတ်နေရေးအတွက် ပို၍ ရုန်းကန်လာရပါသည်။

ဇာဇာမော်