Headlines

ဘိုကလေးချောင်းတာတမံနှင့် ရေအားလျှပ်စက်စီမံကိန်းအား အကောင်အထည်ဖော်ခွင့်ရမည်ဆိုက ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည်

ရခိုင့်အသံ။ Feb 14, 2013
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲ ဘိုကလေးကျေးရွာတွင် ဆောင်ရွက် အကောင်အထည်ဖော်မည့် ဘိုကေလေးချောင်း တာတမံနှင့် ရေးအားလျှပ်စစ် စီမံကိန်းအား တည်ဆောက် ခွင့်ရမည်ဆိုက ခရိုင်းအတွင်းရှိ ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေးအား ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သဇင်ရွှေရိုးမ ဒေသဖွံ့ဖြိုးရေး ကုမ္မဏီလီမီတက်၏ ဒါရိုက်တာ ဦးတင်ဦးက ဆိုသည်။
ဘိုကေလေးချောင်း တာတမံနှင့် ရေးအားလျှပ်စစ် စီမံကိန်းတည်ဆောက် ခွင့်ရရန် နိုင်ငံတော် သမ္မတထံသို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တောင်းဆိုချက်အား ဒေသခံပြည်သူနှင့် သံဃာတော်များ လက်မှတ် (၃၀၀) ကျော်နှင့် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ပူပေါင်းဆောင်ရွက်မည့် ALHUSSAIN INTERNATIONAL TRADING LIMITED ၊ Trio Multi Sdn. Bhd. ကုမ္မဏီ၊ သဇင်ရွှေရိုးမ ကုမ္မဏီ၏ သဘောတူညီချက်များကိုပါ နိုင်ငံတော် သမ္မတ ထံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲ ဘိုကလေးရွာမှ ဦးဆောင် အကောင်အထည်ဖော်ဆောင်နေသော သံတွဲခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စီမံချက်အနေဖြင့် ဘိုကေလေးချောင်းတာတမံနှင့် ရေးအားလျှပ်စစ်စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရေး ကူညီဆောင်ရွက်ပေးရန် ဘိုကလေးရွာ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့မှ သမ္မတထံသို့ စာတမ်းတစ်စောင် ပေးပို့ခဲ့သေးကြောင်းသိရသည်။
ဘိုကလေးချောင်း လျှပ်စက် စီမံကိန်းမှ မီကာဝပ် (၂၀) ခန့် ထွက်ရှိမည်ဖြစ်ပြီး ဒေါ်လာသန်း (၄၀) ခန့်ကုန်ကျမည်ဖြစ်ရာ သဇင်ရွှေရိုးမ ကုမ္မဏီမှ ဂျပန်နိုင်ငံအခြေစိုက် ALHUSSAIN INTERNATIONAL TRADING LIMITED ၊ မလေးရှားနိုင်ငံ အခြေစိုက် Trio Multi Sdn. Bhd. ကုမ္မဏီနှင့် ပူးပေါင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးတင်ဦးမှ ပြောသည်။
မလေးရှားနိုင်ငံ အခြေစိုက် Trio Multi Sdn. Bhd. ကုမ္မဏီမှ တာဝန်ယူကာ သဇင်ရွှေရိုးမ ကုမ္မဏီနှင့် ပူးပေါင်း၍ စီမံကိန်းအား အကောင်အထည်ဖောင်ဆောင်ရန် ဇန်နဝါရီလ (၁၀) ရက်နေ့တွင် နေပြည်တော်၌ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
သဇင်ရွှေရိုးမ ကုမ္မဏီမှာ ဒေသခံ တိုင်းရင်းသား ကုမ္မဏီ တစ်ခုဖြစ်ပြီး တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်များရှိ ဒေသခံပြည်သူများ လျှပ်စစ်မီး အသုံးပြုခွင့်ရရှိစေရန်၊ ဒေသတွင်းတွင် စက်ရုံ၊ အလုပ်ရုံများ ပေါ်ပေါက်လာပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရကာ ဝင်ငွေများတိုးပွါးလာစေရန်၊ ဒေသတွင်းတွင် ပညာရေး၊ ကျန်မာရေး ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ရှိလာနိုင်စေရန် ရည်ရွယ်ကြောင်း စီမံကိန်းအား အကောင်အထည်ဖော် ဆောက်ရွက်ရခြင်း ဖြစ်ကြောင်း ဦးတင်ဦးမှပြောသည်။
ဘိုကလေးချောင်းတာတမံနှင့် ရေအားလျှပ်စစ်စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဆိုပါက အလုပ်သမား ၄၀၀၀ခန့် အလုပ်ခန့်ထားနိုင်သော (က) တန် (၁၀၀)ကျရေခဲစက်၊ (ခ) တန်( ၁၅၀၀) ဆန့် အအေးခန်းစက်ရုံ၊ (ဂ) (၃) တန်ကျ စည်သွပ်စက်ရုံ၊ (ဃ) (၃) တန်ကျ ပဲဆီထုတ်စက်၊ (င) တန်(၃၀) ကျ စပါးပေါင်းစက်ရုံ၊ (စ) တိရိစ္ဆာန် အစာစက်ရုံ၊ (ဆ) သစ်အချောထည်စက်ရုံ၊ (ဇ) အုပ်ဖုတ်စက်ရုံ၊ (ဈ) အချိုရည်စက်ရုံ၊ (ည) ဆပ်ပြာစက်ရုံ၊ (၁၀) ရုံအား သဇင်ရွှေရိုးမ ကုမ္မဏီက တည်ဆောက်နိုင်မည်ဖြစ်ပြီး ကုန်ကျမည့် ငွေကြေးများအား ပြည်ပနိုင်ငံ ကုမ္မဏီများနှင့် ချိပ်ဆက်ဆောင်ရွက်သွားမည်ဟု သိရသည်။
ဘိုကလေးချောင်းတာတမံသည် ဘိုကလေးကျေးရွာ ဧရိယာ အတွင်းတွင် တည်ရှိပြီး တာတမံအမြင့်မှာ ပေ (၂၅၀)၊ အကျယ်အဝန်းမှာ ပေ (၉၀၀)၊ ရေလှောင် ဧရိယာ (ရေဝပ်ဧရိယာ) စတုရန်းမိုင် (၄) မိုင်၊ ရေလှောင်ဧကပေသည် ကန်ရေပြည့် (၁၄၅၀၀) ဧကပေရှိပြီး တောခြုံ၊ ဝါးတောနှင့် စိုက်ပျိုမြေ ဥယျဉ်ခြံနှင့် လယ်ဧက ၂၅ ဧက ပါဝင်ကြောင်းသိရသည်။
နိုင်ငံတော် အစိုးရ၏ စီမံချက်ဖြင့် ဘိုကလေးချောင်း တာတမံနှင့် ရေအားလျှပ်စက်စီမံကိန်းအား ၂၀၀၈ မှ ၂၀၁၂ ထိ ဆာဗေးတိုင်းထွာခြင်း၊ ဘူမိဗေဒ အဖွဲ့မှမြေတူးစမ်းသပ်ခြင်း၊ မိုးလေဝါသနှင့် ဇလဗေဒ ဦးစီးအဖွဲ့မှ မိုးရေချိန် သတ်မှတ် တိုင်းတာခြင်းတို့ကို ပြုလုပ်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဒီဇိုင်းဌာနမှ တာတမံ၏ ဒီဇိုင်းရေးဆွဲ ကုန်ကျမှု တွက်ချက်ပြီးဖြစ်ကြောင်း သိရသည်။