ရခိုင့်အသံ။ Jan 24, 2013
ငပလီကမ်းခြေသို့ အပန်းဖြေရန် ရောက်ရှိလာသော အသက် ၇၉ နှစ်အရွယ်ရှိ နော်ဝေနိုင်ငံသား Mr.Stabusvia Arnsinn သည် ဇန်နဝါရီ ၂၃ ရက်နေ့က Amta ဟိုတယ်အနီး ကမ်းခြေတွင် ရေကူးရင်း ရေနစ်သေဆုံး
သွားကြောင်းသိရသည်။
Mr. Stabusvia Arnsinnသည် Amta ဟိုတယ်သို့ ၂၃ ရက်နေ့ နေ့လည် ၁၂ခန့်တွင်ရောက်ရှိပြီး
တည်းခိုရန်အခန်းငှား၍သူ၏ (Sea View)အခန်းတွင် မိနစ်၃၀ခန့် နားပြီး ကမ်းခြေသို့ ရေကူရန်ဆင်းသွားပြီးနောက်တစ်နာရီခန့်အကြာတွင် ရေနစ် သေဆုံးသွားရာ အလောင်းအား နေ့လည် ၁နာရီခွဲခန့်တွင် ဒေသခံများတွေ့ရှိခဲ့ပြီး၊ Amta ဟိုတယ်ဝန်ထမ်းတစ်ဦးကပြောသည်။
သက်ဆိုင်ရာသို့ အကြောင်းကြားကာ အလောင်းအား သံတွဲမြို့ဆေးရုံသို့ယူဆောင်ပြီး ရင်ခွဲစစ်ဆေးရာ အဆုပ်ထဲတွင်ရေအနည်းငယ်တွေ့ရှိပြီးအခြားမည်သည့်ဒဏ်ရာမှမတွေ့ရကြောင်းဆေးရုံဝန်ထမ်းတစ်ဦးကပြောသည်။
Mr. Stabusvia Arnsinn ၏ရုပ်အလောင်းအားရန်ကုန်မြို့သို့ ၂၄ ရက်နေ့ နေ့လည် ၁ နာရီခန့်က ရန်ကုန်သို့ လေယဉ်ဖြင့် ယူဆောင်သွားကြောင်းသိရသည်။