Headlines

ရခိုင်ပြည်နယ် (၁၈)မြို့နယ်မှ လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များ ညီလာခံကျင်းပ ပြည်ထောင်စုအတွက်နှင့် ဒေသအတွက် လူမူအဖွဲ့အစည်းများသည် ကြားခံပစ္စည်းတစ်ခုအဖြစ် လိုအပ်

ရခိုင့်အသံ။ Dec 17, 2012,
ရခိုင်ပြည်နယ် (၁၈)မြို့နယ်ရှိ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များက လူမှုကွန်ရက် ညီလာခံအား ဒီဇင်ဘာ ၁၅ မှ ၁၆ ရက်နေ့အထိ တောင်ကုတ်မြို့တွင် ကျင်းပခဲ့သည်။
သဘာ၀ ပတ်ဝန်းကျင်မှအစ၊ လူမှုပတ်ဝန်းကျင်အဆုံး၊ နိုင်ငံရေး ပတ်ဝန်းကျင်အထိ၊ ရခိုင်ပြည်သူများခံစားနေရသော အခြေအနေများအား ဖြေရှင်းပေးနိုင်ရန် ပြည်ထောင်စုအတွက်နှင့် ဒေသအတွက် လူမူအဖွဲ့အစည်းများသည် ကြားခံပစ္စည်းတစ်ခုအဖြစ် လိုအပ်သည့် အဖွဲ့အစည်းများဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်မှ ညီလာခံတွင်ပြော ကြားခဲ့သည်။
“ဒီမိုကရေစီ အသီးအဖွင့်တွေကို စတင်ခြေလှမ်းလှမ်းတဲ့အခါ အမှန်အတယ် ဒီမိုကရေစီပန်တိုင်းကို ရောက်ရှိဖို့အတွက် လူမူအဖွဲ့အစည်းဟာ လူထုရှေ့မှာရော၊ ပါတီတွေကြားမှာ၊ အစိုးရနှင့် ပြည်သူတွေကြား၊ နိုင်ငံရေးပါတီနှင့် ပြည်သူတွေကြားမှာပါ အစဉ်အမြဲလမ်းပြနေတဲ့ လူမှုအဖွဲ့အစည်းအားဟာ ဖွံ့ဖြိုးပြီး ဒီမိုကရေစီနိုင်ငံတွေကို ကြည့်က သိသာထင်ရှားနိုင်ပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။
ညီလာခံတွင် မြို့နယ်မှာကိုယ်လှယ် ၄၅ ဦးခန့်တက်ရောက်ကာ ရခိုင်တိုင်းရင်းသားတို့၏ လူမှုစီးပွားအရေးအရာအရပ်ရပ် တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရာတွင် အားဖြည့်ပါဝင် ဆောင်ရွက်နိုင်ရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် လက်တွဲဆောင်ရွက်သွားကြရန် ရည်ရွယ်ချက်ဖြင့် ရခိုင်လူမှုကွန်ရက် ကိုဖွဲ့စည်းခဲ့ကြသည်။
ညီလာခံမှ “(၁) လတ်တလောဖြစ်ပေါ်ခဲ့သော အကြမ်းဖက်ဆူပူမှုများသည် တရားမဝင်ကျူးကျော်ဝင်ရောက်သူ ဘင်္ဂါလီတို့က ဒေသခံ ရခိုင်တိုင်းရင်းသားများအပေါ် နယ်မြေလုအကြမ်းဖက်မှုသာလျှင်ဖြစ်သည်။ ဤ ပြဿနာများကို ဖြေရှင်းရာတွင် ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒသဘောထားကို အလေးမထားပဲ ဖြေရှင်းရန်ကြိုးစားခြင်းသည် မှန်ကန်သော ဖြေရှင်းနည်းမဟုတ် ဟု ကျွနု်ပ်တို့ အခိုင်အမာ ခံယူသည်။
(၂) ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒသဘောထားကို ဆန့်ကျင်လျက် ဘင်္ဂါလီများအား ပြန်လည် နေရာချထားခြင်းသည် တတိယအကျော့ ဘင်္ဂါလီအကြမ်းဖက်မှုများဆီသို့ ပြန်လည်ဦးတည် သွားစေ နိုင်သည် ဟု ဤညီလာခံက ရှုမြင်သည်။
(၃) ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံတကာထောက်ပံ့ကယ်ဆယ်ရေး အဖွဲ့အစည်းများ၊ UN / iNGO / NGO အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များသည် ရခိုင်တိုင်းရင်းသားတို့အား အင်အားနည်းစေပြီး တစ်ဘက်လူအဖွဲ့အစည်းကို အင်အားကောင်းသထက်ကောင်းအောင် လုပ်ဆောင်နေခြင်းရှိမရှိကို စောင့်ကြည့်ရာတွင် ဤကွန်ရက်မှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်။
(၄) ရခိုင်ဒေသအတွင်းရှိ သယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် ရခိုင်ပြည်သူလူထုအား ပွင့်လင်းမြင်သာသော ရှင်းလင်းထုတ်ပြန်ချက်များကို ချပြပြီး ဒေသခံပြည်သူများ၏ သဘောတူညီမှုဖြင့် ထုတ်ယူခွဲဝေသုံးစွဲမှသာ မျှတမှုရှိမည်ဖြစ်သည်။ ထိုကဲ့သို့ သယံဇာတများအား တရားမျှတမှုရှိရှိ ထုတ်ယူခွဲဝေသုံးစွဲမှုအရေးအတွက် ကြိုးပမ်းရာ၌ ကျွနု်ပ်တို့ ကွန်ရက်အနေဖြင့် ပြည်သူလူထုနှင့် အတူ ပူးပေါင်းပါဝင်သွားမည်။
(၅) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ရဟန်းရှင်လူ ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်မှုအား အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခဲ့မှုကို ကျွန်ုပ်တို့ ကွန်ရက်က ပြစ်တင် ရှုံ့ချ သည်။” ဟူသော အချက်များပါဝင်သည့် သဘောထားကို ထုတ်ပြန်ကြေညာခဲ့သည်။