Headlines

ဘက်စုံ ဖွံ့ဖြိုးတက်မှု နောက်ကျသော ရှေးဟောင်းမြို့အဖြစ် ကျန်ခဲ့တော့မှာလား

ရမ်းဗြဲမြို့မှ ၂ဝဝ၃ခုနှစ်က စတင်ထွက်လာခဲ့သည်မှာ နှစ် (၁ဝ)
ကြာခဲ့ပါပြီ။ မိမိမွေးဖွားရာ ဇာတိမြို့ မဟုတ်သော်လည်း
အလယ်တန်းကျောင်းသားဘဝမှ အတက်တန်းပညာကို အောင်မြင်သည်အထိ ရမ်းဗြဲမြို့၌
ပညာသင်ယူခဲ့ပြီး နှစ်အကြာကြီးနေလာခဲ့သည့်အတွက် မိမိ၏
မြို့ရွာလိုဖြစ်နေခဲ့သည်။
နှစ် (၁ဝ) ကွဲကွာနေခဲ့ပြီးနောက် ၂ဝ၁၃ခုနှစ်၊ အောက်တိုဘာ (၇) ရက်နေ့က မလိခ
အမြန်ရေယဉ်ဖြင့် စစ်တွေမြို့ မှ ရမ်းဗြဲမြို့သို့ လိုက်ပါလာခဲ့သည်။
သင်္ဘောစီးရင်း ရမ်းဗြဲမြို့၏ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲနေမှုများ၊
ကျောင်းတုန်းက သူငယ်ချင်းများ၊ အတူနေထိုင်ခဲ့သော ပတ်ဝန်းကျင် မိတ်ဆွေ
အပေါင်းအသင်းများအား တွေ့မြင်ရတော့မည်ဖြစ်၍ စိတ်ထဲတွင် တွေးကာ
ပျော်နေမိသည်။
မလိခအမြန်ရေယဉ်သည် နေ့လည် ၁၂ နာရီခန့်တွင် ရမ်းဗြဲမြို့
ဒေါရထဆိပ်ကမ်းသို့ရောက်ရှိခဲ့သည်။ ဆိပ်ကမ်းပေါ်သို့ ရောက်ရှိသည်နှင့်
တပြိုင်နက် ဘေးဘက်ဝဲယာသို့ လှည့်ပတ်ကြည့်ရှုလိုက်ပြီး သင်္ဘောအတူစီလာသူ
ရမ်းဗြဲမြို့ခံတစ်ဦးအား ‘”ရမ်းဗြဲသင်္ဘောဆိပ်လည်း ကျမတို့ ငယ်ငယ်က
မြင်ခဲ့ရအတိုင်းပါပဲလား ဘာမှပြောင်းလဲမှုမရှိပါလား” ဟုပြောလိုက်ရာ
”ဟုတ်ပါတယ် ပြောင်းလဲမှုကော မရှိပါဘူး ဒါပေမယ့် သင်္ဘောဖောင်တော်က
တော့ပြောင်းလဲပါတယ်၊ အရင်က သစ်သားတံတား၊ ဂုတော့ ကွန်ကရက် ဖြစ်တာတစ်ခုတော့
ပြောင်းလဲသွားတယ်” ဟုသူက ပြန်ပြီးပြောသည်။
ခရီးသည်များအား လာကြိုသည့် ကားဖြင့် မြို့တွင်းသို့ လိုက်ပါလာခဲ့စဉ်
လမ်းတစ်လျှောက် ဘေးဘက် ဝဲယာများကို ကြည့်ရင် ငယ်စဉ်က တွေ့မြင်းခဲ့ရသော
မြင်ကွင်းပုံစံနှင့် လက်ရှိမြင်ကွင်းပုံစံကို နှိုင်းယှဉ်မိနေသည်။
အလယ်တန်းကျောင်းသားဘဝတုန်းက ကျောင်းပိတ်ရက်များတွင် အိမ်းချင်း
အသိများဖြင့် သင်္ဘောဆိပ်ဆင်းလမ်းတစ်လျှောက်ရှိ ဘေးပတ်လည်တွင် ဟင်းရှား၊
ထင်ရှာ အမြဲတမ်းလိုလို သွားခဲ့ကြသည်။ ယင်းအချိန်တုန်းက
သင်္ဘောဆိပ်ဆင်းခင်းလမ်းမှာ ကျောက်တုံးကြီးများဖြင့် ခင်းကျင်းထားခဲ့သည်။
ဒီရေတက်လာချိန်တွင် လမ်းပေါ်တွင် ရေများပြည့်လံျှနေသည်။ ကျမမှာ
ကားလမ်းပေါ်တွင် ရေကူးရ၍ အလွန်ပင် ပျော်နေခဲ့မိသည်။
ယခုမှာတော့ လမ်းခင်း ကျောက်တုံးကြီးများမရှိတော့၊
ကျောက်တုံးလေးများကိုသာတွေ့ရတော့သည်။ အယင်နှစ်များက လမ်းအား
ကတ္တရာခင်းထားခဲ့သလားတော့ မတွေးတတ်၊ လက်ရှိ မြင်ရသည်ကတော့
မြေသားကျောက်ခင်းလမ်း လိုသာတွေ့ရသည်။ ဒီရေတက်ချိန်ဖြစ်၍ လမ်းပေါ်တွင်
ရေများရှိနေသည်။ ယခင်(၁ဝ) ကျော်က လမ်းအနေထားနှင့် ယခုလက်ရှိ လမ်းအနေထားက
ကွာခြားမှု မရှိလှ၊ ကျောက်တုံးကြီးက ကျောက်တုံးသေးသေးလေးအဖြစ်သို့
ပြောင်းလဲရုံသာရှိသည်။
မကြာခင်မှာပင် ရမ်းဗြဲမြို့အဝင် အင်းတောင်ရပ်ကွက်ရှိ (အထက) ကျောက်၏
အနောက်ဘက်က တောခြုံတွေကို ယခင်အတိုင်းတွေ့မြင်ရတော့သည်။ အထက
ကျောင်းခြံဝင်းကြီးထဲတွင် ယခင်ကျောင်းဆောင်ဟောင်းထက်
ကျောင်းဆောင်သစ်တစ်ခုကို မြင်လိုက်ရ၍ ဝမ်းသာနေမိသည်။
နှစ် (၁ဝ) ခန့်ဝေးကွာခဲ့ရ၍ မိမိမှာ ရမ်းဗြဲမြို့နှင့် စိမ်းနေခဲ့သည်။
တည်းခိုရန် အသိ မိတ်ဆွေများအိမ်သို့ မသွားရဲ။ ရွေပုလဲတည်းခိုခန်းတွင်
တည်းနေခဲ့သည်။ မြို့၏ တိုးတက်မှုအနေအထားကို ကြည့်ချင်ပြီ၊ သူငယ်၊ မိတ်ဆွေ
အပေါင်းအသင်များနှင့်လည်း တွေ့ချင်လိုလှပြီးဖြစ်၍
တည်းခိုခန်းသို့ရောက်လျှင် ရောက်ချင်း ပစဏည်းများကို ထားခဲ့ပြီး
အသိတစ်ယောက်၏ အကူအညီဖြင့် မြို့ကို လှည့်လည်ကြည့်ရှုမိသည်။
မြို့၏ ပြောင်းလဲတိုးတက်မှုအနေအထားသည်ကား ယင်ခင်(၁ဝ)
ခန့်ကအနေအထားနှင့်လက်ရှိအနေအထား ကွာခြားမှုမရှိလှ။ ကွာခြားသည်ကာ
အဆောက်ဦးများ ဟောင်းနွမ်းလာပြီး လူတို့၏ အသက်အရွယ်များ
ပြောင်းလဲလာခြင်းသာဖြစ်သည်။ အောင်စေတီနှင့် အင်းတောင် ရပ်ကွက်အား
ထိုးထားသော ကွန်ကရက် တံတားမှာ ယခင်နဲ့ မတူတော့၊ နှစ်ကြာလာ၍ ဝဲယာ ဘောင်မှာ
ကိုျးပဲ့ပြီး သံချောင်းများ ငူစူထွက်နေတော့သည်။
ရမ်းဗြဲမြို့နယ်ရှိ ကျေးရွာများသို့ သွားသော လမ်းများ၏ အခြေအနေကို သိလို၍
ဦးစွာပထမ လေးတောင်တိုက်နယ်သို့ သွားသော လမ်း၏ အနေအထားကို
သွားရောက်ကြည့်ခဲ့သည်။ လမ်းပြုပြင်ဖာထေးနေသော အလုပ်သမား များတွေ့ရသည်။
လမ်းလုပ်သားများမှာ လက်ပေါ်မှ ရွံ့ဗွက်များကို လက်ဖြင့် ဖယ်ရှားနေပြီး
ကျောက်တုံးများဖြင့် ဖာထည်းနေကြသည်။ လမ်းလုပ်သမားများအား ”လမ်းပျက်တာက
ဒီနေရာတစ်ခုတည်းလား” ဟု မိမိက မေးကြည့်ရာ ”ရှေ့မှာ ‘ဒီထက်ဆိုးသေးတယ်”
ဟု အလုပ်သမား တစ်ဦးက ပြန်ပြောသည်။
ယင်းအချိန်တွင် မြို့မှ လေးတောင်ဘက်သို့ သွားသော ဆိုင်ကယ်တစ်စီး
မှောင်းနှင်းလာစဉ် မိမိနှင့်ပါလာသော အဖော်က ”အစ်ကိုရေ ဆိုင်ကယ်ကို
အားတင်းပြီးမောင်းလာပါ ဟုပြောလိုက်ရာ သူက မောင်းရတာပေါ့ကွာ လမ်းမှ
မကောင်းတာ ‘ဒီလမ်းကို ဆန္ဒပြရမယ်နဲ့တူတယ်” ဆိုပြီး ပြန်ပြောခဲ့သေးသည်။
ထိုကဲ့သို့ပင် ရမ်းဗြဲ- ကျောက်ချောင်းလမ်း၊ ရမ်းဗြဲ- မြေပုံလမ်း
တစ်ခိုျ့ကို သွားရောက်ကြည့်ခဲ့ရာတွင်လည်း ယခင် မိမိငယ်စဉ်က
သွားရောက်ခဲ့သော လမ်းထက်ပင် ဆိုးနေသေးသည်ကို တွေ့ရှိခဲ့ရသည်။
မြို့တွင်းရှိ သူငယ်ချင်းများ၊ စာရေးဆရာများ၊ မိတ်ဆွေများအား အချိန်ရသမျှ
သွားရောက်တွေ့ဆုံခဲ့သည်။ စာရေးဆရာ တစ်ဦးအား (၁ဝ) ကာလအတွင် ပြည်သူများ၏
စာပေဝါသနာလိုက်စားမှု အနေအထားကို မေးကြည့်ရာ လက်ရှိတွင်
မြို့ခံလူထုအနေဖြင့် စာပေလိုက်စားမှု အနည်းငယ်တိုးတက်လာပြီး ဂျာနယ်များ
ဝယ်ဖတ်လာကြကြောင်း ရှင်းပြသည်။ တိန်ပြင်ကျေးရွာမှ
သူငယ်ချင်းကျောင်းဆရာမတစ်ဦးကတော့ ‘”ဂျာနယ်ကို လကားပေးရင်တောင်
ငါတို့ရွာမှာ ဖတ်မည့်သူ တစ်ဦးမျှ ရှိမှာ မဟုတ်ဘူး” ဆိုပြီး ပြောသည်။
သူငယ်တစ်ခိုျ့ဖြင့် လက်ဖက်ရည်ဆိုင်တွင် တွေ့ဆုံက ကျန်းမာရေး၊ ပညာရေး၊
စီးပွါးရေး လူမှုရေးဆိုင်ရာ အထွေးထွေးများကို ဆွေးနွေးခဲ့ကြသည်။
ရမ်းဗြဲမြို့၏ ပညာရေးတိုးတက်မှုအနေအထားများကို ဆွေးနွေးသေအခါ သူငယ်တစ်ဦးက
‘”သူငယ်ချင်ရေ ဒီမြို့မှာ တို့ငယ်ငယ်တုန်းကလို (၁ဝ) ကျောင်းသားတွေကို
အင်္ဂလိပ်စာ ကောင်းကောင်းသင်နိုင်တဲ့ ဆရာတောင်မရှိတော့ဘူး၊ အင်္ဂလိပ်စာ
တော်တော်ညံ့ကြတယ်” ဟု ပညာရေး က္ဂနဲ့ ပတ်သက်၍ သူ၏ အတွေ့အကြုံကို
ရှင်းပြသည်။
စီးပွါးရေးနဲ့ ပတ်သက်၍ စကားစမြည်ပြောကြရာ ”သူငယ်ချင်း ဒီမြို့က
စီးပွါးရေး ဘယ်လောက် ကောင်းတယ် ဆိုရင် ကျေးရွာတွေမှာ အမိုျးသားတွေ
မရှိတော့ဘူး၊ နိုင်ငံခြားကို ထွက်ကုန်ကြပြီး၊ အမိုျးသမီးတွေ ထွန်းတုံး
ကိုင်နေရတယ် ပြောသံကြားတယ်၊ အယင်ကဆိုရင် ဟင်းသီး၊ ဟင်ရွက်တွေက
နယ်ကလာရောင်းတာ၊ အဂုဆိုရင် မြို့က ဟင်းသီး၊ ဟင်းရွက်တွေကို
ကျေးရွာတွေလာဝယ်ပြီး သူတို့ရွာမှာ ပြန်ရောင်းကြတယ်” ဆိုပြီး
ပြောပြန်သည်။
စာပေကိစဏနဲ့ပတ်သက်၍ ဆွေးနွေးကြရင်း မိမိ သူငယ်ချင်းတစ်ဦးအား ”သူငယ်ချင်း
နင့်ဆိုင်ကို နယ်က လူတွေ တော်တော်လေး လာတယ်ဆိုတော့ နယ်က လူတွေကို
ဂျာနယ်ဝယ်ဖတ်ခိုင်ပါလား” ဟု ဆိုလိုက်တော့ ”နယ်ကလူတွေက
စာဖတ်ဖို့ဝါသနာပါကြဘူး၊ အလကားပေးရင်တောင် မဖတ်ဘဲ တခြားတစ်ခုအသုံးပြုပြီး
လွင့်ပစ်ကြလိမ့်မယ်” ဆိုပြီး ပြောပြန်သည်။
သူငယ်ချင်းတစ်စု ရမ်းဗြဲမြို့နယ်၏ လူမှုရေး၊ စီးပွါးရေး၊ ပညာရေး၊
ကျန်းမာရေး၊ အတွေအခေါ် စသည့် မြို့၏ တိုးတက်နေမှု၊ ဆုတ်ယုတ်မှု၊
မြို့တိုးတက်ရာ တိုးတက်ကြောင်းကို ရှေးသို့လုပ်ဆောင်ရမည့် အခြေအနေများအား
သိသမျှ၊ နားလည်သမျှ၊ မိမိတို့၏ အတွေ့အကြုံများကို ဆွေးနွေးကြရင်း
သူငယ်ချင်းတစ်ဦးက ”တို့ရမ်းဗြဲက ဘာမှ တိုးတက်မှုမရှိဘဲ ရခိုင်ပြည်နယ်မှ
ရှေ့ဟောင်းမြို့တော်အဖြစ် ထိန်းသိမ်းပြီး နေခဲ့မှာ” ဆိုပြီး
စိတ်မကောင်းစွာ ရယ်စရာစကား ပြောရင်း စကားဝိုင်းကို အဆုံးသတ်ခဲ့ကြသည်။
ရမ်းဗြဲမြို့တွင် လေ့လာ့ တွေ့ရှိမှု အနေအထားအရ မြို့မှာ ယခင်
မိမိနေခဲ့သည့် (၁ဝ) ကျော်ကာလက အခြေအနေနှင့် လက်ရှိအနေအထားမှာ တိုးတက်မှု
တစုံတရာမျှ မရှိလှ၊ သက်ရှိအရာတို့သည် ပြောင်းလဲခဲ့သော် သက်မဲ့ အရာတို့သည်
အသစ်မှ အဟောင်းသို့ ပြောင်းလဲခဲ့ယုံမှ အပ တခြား တိုးတက်မှုဆိုင်ရာများ
မတွေ့ရ၊ အမှန်ပင် ရမ်းဗြဲမြို့သည် နောင်တစ်ချိန်တွင်
ရခိုင်ပြည်၏ရှေးဟောင်းမြို့ဟုဆိုရလောက်အောင် ဘက်စုံ ဖွံ့ဖြိုးတက်မှု
နောက်ကျနေတော့မှာလားဟု စိတ်မကောင်းစွာ တွေးရင်း ထိုမြို့တွင်
နှစ်ရက်တာနေပြီး ထွက်ခွါလာခဲ့တော့သည်။
မြတ်နိုးသာ
Oct 25, 2013