Headlines

အခက်အခဲကြားမှ အခြေခံပညာရေး

လွန်ခဲ့သည့် ၂ဝ၁၁ခုနှစ်က ကျောက်ဖြူမြို့နယ်၊ မြဒေးကျွန်းဒေသ
ပန်းထိန်ဆည်ရွာသို့ ရောက်ရှိသွားခဲ့သည်။ ရွာမှာ အိမ်ခြေ (၂ဝ)
ကျော်ခန့်သာရှိပြီး ရွာလမ်း ဟူ၍မရှိ၊ အဆင်ပြေသလို ဆောက်လုပ်နေထိုင်ကြသည်။
ယင်းရွာသို့ ရောက်သွားချိန်တွင် ရွာသားများမှာ စာရေးသူ အနီးသို့
စုဝေးရောက်ရှိလာကြသည်။ ထိုအထဲတွင် လူရွယ်၊ လူလတ် အမိုျးသားများကို
မတွေ့ရ။ သက်ကြီးရွယ်အိုများ၊ အမိုျးသမီးနှင့် ခလေးငယ်များကိုသာ
တွေ့ရသည်။
စာရေးသူက ” ဒီကလေးတွေ ကျောင်းမနေကြဘူးလား” ဟုမေးရာ ”ရွာမှာလည်း
စာသင်ကျောင်းမရှိ၊ တခြားရွာမှာ သွားတက်ဖို့ကလည်း အဝေးကြီး၊
လယ်ကွင်းတွေဖြတ်၊ တောင်ကျော်ပြီး သွားတက်ရမှာ ဖြစ်တဲ့အတွက် ကလေးတွေကို
စိတ်မချ၊ မိဘတွေကလည်း အလုပ်တဖက်နဲ့ ကျောင်းပို့၊ ကျောင်းကြို မလုပ်နိုင်၊
ဒီလို အခက်အခဲတွေကြောင့် ကလေးတွေ စာမသင်ရဖြစ်နေတယ်” ဟု အသက် (၆ဝ) ကျော်
အမိုျးသားတစ်ဦးက ရှင်းပြခဲ့သည်။
ပန်းထိန်ဆည်ကျေးရွာလက်ရှိနေထိုင်ကြသူများမှာ တစ်ဦးတစ်ယောက်မျှ စာကို
ကောင်းကောင်း မရေးတတ်၊ မဖတ်တတ်ကြ။ သားသမီးများ၏ ပညာရေးကြောင့်
ငွေကြေးပြည့်စုံသူ တစ်ခိုျ့မှာ တခြားရွာသို့ အမြဲမမြတ် ပြောင်းရွေ့နေကြရာ
အိမ်ခြေမှာ လက်ရှိအနေအထားထက် တိုးမလာခဲ့။
စာရေးသူက ရွာသားများအား ” ဒီကလေးတွေရဲ့ အနာဂတ် လှပဖို့အတွက်
စာမသင်ချင်ကြဘူးလား”ဟု မေးလိုက်ရာ ရွာသားများက သင်ချင်ကြကြောင်း
လိုလိုလားလား ဖြေကြားခဲ့ကြသည်။
ယင်းနောက် စာရေးသူမှာ ပန်းထိန်ဆည်ကျေးရွာမှ ကလေးငယ်များအား
စာသင်နိုင်ရေးအတွက် ရမ်းဗြဲမြို့နယ်၊ မြေပုံကျေးရွာမှ ကိုဇော်မိုျးလင်း
အကူအညီတောင်းရာ ထိုဆရာမှာ လက်ရှိကာလအထိ ပန်းထိန်ဆည်ကျေးရွာရှိ
ကလေးငယ်များအား စာသင်ကြားပေးလျှက်ရှိသည်။
အောက်တိုဘာ (၁) ရက်နေ့က စာရေးသူ ရသေ့တောင်မြို့နယ်
လောင်းချောင်းကျေးရွာသို့ရောက်ရှိသွားရာ ရွာသားများ ပြောပြချက်အရ
မယူကမ်းဒေသတွင် ပေါက်တောပြင်နှင့် ကုန်တန်းကျေးရွာကြားရှိ
သာစည်ကုန်းကျေးရွာ အိမ်ခြေ (၄ဝ)ကျော်ခန့်ရှိပြီး
အခြေခံပညာမူလတန်းကျောင်းမရှိ၍ ကုန်တန်းကျေးရွာသို့
သွားရောက်ကျောင်းတက်နေကြရပြီး သာစည်ကုန်းကျေးရွာမှ ကုန်တန်းကျေးရွာသို့
လူကြီးများလမ်းလျှောက်လျှင် မိနစ် (၂ဝ) ခန့်လျှောက်ရကြောင်းသိရသည်။
ယင်းအပြင် နေပူခံကျေးရွာတွင်လည်း အိမ်ခြေ (၇ဝ) ကျော်ခန့်ရှိပြီး
မူလတန်းကျောင်းမရှိသဖြင့် ပေါင်းဇာကျေးရွာတွင် သွားရောက်
ကျောင်းတက်နေကြရကြောင်းသိရသည်။
ရမ်းဗြဲမြို့နယ်၊ ရွှေပြည်သာကျေးရွာသည် လက်ရှိတွင် အိမ်ခြေ (၁ဝ)
ဆောင်ခန့်သာရှိနေပြီး ယင်းကျေးရွာတွင် မူလတန်းကျောင်းမရှိသဖြင့်
တစ်ခိုျ့ကလေးများမှာ နီးစပ်ရာ ကျေးရွာသို့ သွားရောက်ကာ
ကျောင်းတက်နေကြရကြောင်း သိရှိရသည်။
အောက်တိုဘာ (၈) ရက်နေ့က အဆိုပါကျေးရွာမှ ဦးပဥဏဇင်းတစ်ပါးမှ ”ဒီရွာက အစက
အိမ်ခြေ (၂ဝ) ကျော်လောက်ရှိတယ်၊ ရွာမှာ ကျောင်းမရှိတော့ မိဘတွေက သူတို့
သားသမီးတွေရဲ့ ပညာရေးကြောင့် ကျောင်းရှိတဲ့ ဒေသတွေကို အမြဲတမ်းလိုလို
ပြောင်းရွှေ့နေကြတယ်၊ မပြောင်းနိုင်တဲ့သူတွေသာ ဒီရွာမှာ နေကြတာ၊
မပြောင်းနိုင်တဲ့သူတွေရဲ့ သားသမီးတွေက စာလည်းမသင်နိုင်ကြဘူး၊ တခြားရွာမှာ
သွားတက်ရင်လည်း မိုးထဲ၊ ရေထဲမှာ ကလေးတွေကို စိုးရိမ်ရတယ်၊ ရွာမှာ
ဆရာငှားပြီး သင်ပြန်ရင်လည်း ကျောင်းသားဦးရေနည်းတော့ ကျောင်းဆရာလစာကို
လုံလောက်အောင် မပေးနိုင်တဲ့အတွက် ကလေးတွေ စာမသင်ရဖြစ်နေတယ်” ဟု
မိန့်ကြားခဲ့သည်။
ရမ်းဗြဲမြို့နယ် ပြိုင်းချောင်းကျေးရွာမှာ အိမ်ခြေ (၂ဝ) ကျော်ရှိပြီး
မူလတန်း ပြုစုကျောင်းအဖြစ် ဘုန်းကြီးကျောင်းတွင် စာသင်ကြားလာခဲ့သည်မှာ
(၁၆) နှစ်ခန့်ရှိနေပြီး ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ကျောင်းသားဦးရေ
(၂၇) ဦးရှိပြီး ဆရာတစ်ဦးငှားရမ်းကာ ပညာသင်ကြားလျှက်ရှိသည်။
ပညာသင်ကြားရေးအတွက် အခက်အခဲရှိပုံကို ကျောင်းထိုင်ဆရာတော် ဦးတိဿက ”
ကျောင်းသားတွေကို စာသင်ဖို့အတွက် ဆရာတစ်ယောက်ပဲငှားနိုင်တယ်၊
အဲဒီဆရာမကိုလည်း တစ်နှစ်လုံးမှ နှစ်သိန်းလောက်သာ ထောက်ပံ့ပေးနိုင်တယ်၊
မူလတန်း အတန်းအားလုံးကို ဆရာတစ်ယောက်တည်း ကိုင်ရတာဆိုတော့
စာသင်ကြားတဲ့အချိန်မှာ အဆင်မပြေနိုင်ဘူး၊ သင်ထောက်ကူပစဏည်းကလည်း
မလုံလောက်၊ အတန်းငါးတန်းစလုံးအတွက် သင်းပုန်းကြီး တစ်ချပ်တည်းရှိတယ်၊
ခုံတွေကလည်း မလုံလောက်” ဟု မိန့်ကြားခဲ့သည်။
သံတွဲမြို့နယ် ဂျိတွျှောကျေးရွာရှိ ပုလဲရတနာ
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာတော် ဦးဣန္ဒစာရမှ (ဘ၊က)
ပညာရေးနှင့်ပတ်သက်၍ ကျောင်းဆရာလစာ အားနည်းချက်ကြောင့် ပညာရေးဖွံ့ဖြိုးမှု
နိမ့်ကျလာနိုင်ကြောင်းကို ” ပညာရေးမှာ အဓိက ကျတာက ဆရာ၊ ဆရာမ ပဲဖြစ်တယ်၊
ဆရာ၊ ဆရာမ ကောင်းကောင်းရှိမှ ပညာရေးမှာ ဖွံ့ဖြိုးတိုးတက်ပြီး
ကျောင်းသားတွေ စာကောင်းကောင်း သင်နိုင်မယ်၊ ကျောင်းဆရာ
လစာအားနည်းမှုတွေကြောင့် ဆရာ၊ ဆရာမ စာမပြနိုင်ဘူးဆိုရင် ပညာရေး
ကျဆင်းသွားနိုင်တယ်” ဟု ဆရာတော်က မိန့်ကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း (၈ဝ)
ကျော်ရှိပြီး (ဘက) ကျောင်းအတွက် ကျောင်းသား (၄ဝ) ဦးလျှင် ဆရာတစ်ဦးကျစီ
သတ်မှတ်ကာ မူလတန်းပြဆရာတစ်ဦးလျှင် (၃၆ဝဝဝ)၊ မူလွန်နှင့် အလယ်တန်းပြ ဆရာ
တစ်ဦးလျှင် (၃၈ဝဝဝ)၊ အထက်တန်း ဆရာတစ်ဦးလျှင်(၄ဝဝဝဝ)
ကျပ်သတ်မှတ်ပေးထားကြောင်း သိရသည်။
အောက်တိုဘာ ဒုတိယအပတ်က စာရေးသူထံ ပန်းထိန်ဆည်ကျေးရွာမှ ကျောင်းဆရာ
ဇော်မိုျးလင်းမှ ဖုန်းဆက်လာခဲ့သည်မှာ ” အစ်မ …ကျနော် ဒီနှစ်
နှစ်ကုန်အထိ ‘ဒီကလေးတွေကို စာသင်နိုင်မည့်အခြေအနေမရှိတော့ဘူး၊
ရွာသားတွေရဲ့ စီးပွါးရေးကလည်းမကောင်းကြတဲ့အတွက် နောက်ထပ်
ကျောင်းဆရာတစ်ယောက်ကို လစာနဲ့ ငှားနိုင်မည့်အခြေအနေမရှိဘူး၊ မနှစ်က
မြို့နယ် ပညာရေးမှူးနှင့် အုပ်ခုျပ်ရေးမှူး ရဲ့ အကြံပေးချက်အရ
အစိုးရကျောင်း ရရှိဖို့ အတွက် လျှောက်ထားတာလည်း မကျသေးဘူး၊ ဒါကြောင့်
အစ်မအနေနှင့် နောက် ထပ် ကျောင်းဆရာတစ်ယောက်ကို ဒီဝါကျွတ်ရင်
ရှာပေးစေချင်တယ်” ဟု ပြောလာခဲ့လေသည်။
၂ဝ၁၂၊ အောက်တိုဘာလက အခြေခံမူလတန်းကျောင်း (ခွဲ)အဖြစ် ဖွင့်လှစ်ခွင့်ရန်
လျှောက်ထားခဲ့ခြင်းဖြစ်ရာ လက်ရှိအခြေအနေအထိ ထူးခြားမှုတစ်စုံတရာမရှိသေး။
စာရေးသူအနေနှင့် ပန်းထိန်ဆည်ကျေးရွာ၏ ပညာရေးအခက်အခဲနှင့်ပတ်သက်၍
ပညာရေးထောက်ပံ့နေသော ရခိုင်လူမှုအဖွဲ့အစည်းများအား တင်ပြရာတွင်လည်း
0x158င်းတို့အနေနှင့် အစိုးရနှင့် ပူးပေါင်းကာ တရားဝင်ကျောင်းရရန်အတွက်
ဆောင်ရွက်နေခြင်းသာဖြစ်သည်။ ယင်းသို့ ကျောင်းများအတွက် ဆရာများအား
ထောက်ပံ့ပေးခြင်းမိုျးမရှိဟု ဆိုသော စကားကိုသာလက်ခံရရှိခဲ့သည်။
ွှသို့ဆိုလျှင် ပန်းထိန်ဆည်ရွာ၏ ပညာရေးအခက်အခဲကို မည်သူတို့က
ဖြေရှင်းပေးကြပါမည်နည်း။
ပြည်နယ်ပညာရေးဌာနမှ သိရှိသော စာရင်းအရ ရခိုင်ပြည်နယ်တွင် အမက
ခွဲကျောင်းအဖြစ် လျှောက်ထားသော ကျောင်းပေါင်း လက်ရှိတွင် (၉၉)
ကျောင်းရှိပြီး ကျောင်းသားဦးရေ (၅၅)ဦးပြည့်မှသာလျှင်
အစိုးရပညာသင်ကျောင်းအဖြစ် သတ်မှတ်ပေးခြင်းဖြစ်သည်။ ကျောင်းသား (၅၅)
ဦးမပြည့်သော ကျောင်းများမှ ကလေးများ၏ ပညာရေးကို မည်သို့
ဆောင်ရွက်ပေးကြပါမည်။
မြောက်ဦးမှ ဆရာတစ်ဦး၏ ပြောပြချက်အရ မြောက်ဦးမြို့နယ်တွင်
အခြေခံပညာကျောင်းမရှိသော ကျေးရွာပေါင်း (၂၉) ရွာရှိနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်းတွင် အခြေခံပညာ ကျောင်းမရှိသောကျေးရွာများမှ
ကလေးတို့သည် ဥတုရာသီ သုံးမိုျးလုံ၏ ဒဏ်ကို ကျော်ဖြတ်ကာ ပညာရှာနေကြရသည်။
ကျောင်းရှိသော်လည်း ကျောင်းနှင့်မတူ၊ နွားတင်ကုတ်နဲ့တူသော အဆောင်အဦးတွင်
သင်ထောက်ကူပစဏည်းမလုံမလောက်၊ ခုံမရှိ၊ ကြမ်းပြင်တွင် ဝမ်းလျှားမှောက်ကာ
ပညာသင်ယူနေကြသူများလည်း ရှိနေသည်။ စီးပွါးရေးထက် မိမိတို့နှင့် ဘဝတူ
ကလေးများစာတတ်မြောက်ရေးကို ဦးစွားပေးကာ ပရဟိတ ကျောင်းများတွင်
နာသုံးနာဖြင့် စာသင်ကြားပေးနေသော ကျောင်းဆရာ၊ ဆရာများလည်း ရှိနေကြသည်။
ထိုသူတို့သည် ဆင်းရဲသားလူတန်းစား ကျေးလက်နေ ပြည်သူများကိုသာ
အများဆုံးတွေ့ရသည်။
လက်ရှိ ရခိုင်ပြည်တွင် ဆင်းရဲမွေးတည်မှုဒဏ်ကို ရင်ဆိုင်နေကြရသူ အများစုမှာ
အောက်ခြေပြည်သူလူထုနှင့် ကျေးလက်နေပြည်သူများသာဖြစ်နေသည်။
တစ်ခိုျ့သောသူများမှာ ”စာမတတ်၍ စာမဖတ်၊ စာမဖတ်၍ ဗဟုသုတခိုျ့တည်း၊ ဗဟုသုတ
ခတည်း၍ ပြောသမျှယုံ၊ ပြုသမျှခံ” မြေဇာပင် ဘဝ ရောက်နေကြရသည်။
ရခိုင်ပြည် အနာဂတ်သည် ရခိုင်သားတိုင်း၏ လက်ထဲတွင် ရှိနေသည်။ ”ရှေ့ကို
ရောက်နေသူတွေက နောက်ကို ပြန်လှည့်ကြည့်ကာ အမြင့်ကိုရောက်နေသူတွေက
အနိမ့်ကို ပြန်ငုံကြည့်၊ နောက်ကျနေသူတွေနဲ့ နိမ့်ကျနေသူတွေကို
လက်တွဲခေါ်ယူပြီး လူတိုင်းအခြေခံ မူလတန်း ပညာသင်ကြားနိုင်အောင်
ဆောင်ရွက်ကြရပါလိမ့်မည်” ဟု စာရေးသူ သုံးသတ်မိပါတော့သည်။
မြတ်နိုးသာ
Oct 25, 2013