ရခိုင့်အသံ။ ။ ၂၀၂၄၊ စက်တင်ဘာလ၊ (၄) ရက်။
မြန်မာနိုင်ငံတွင် မြန်မာကျပ်ငွေတန်ဖိုး အလွန်အမင်းကျဆင်းလာမှုကြောင့် ကုန်စျေးနှုန်း မြင့်တက်မှုများ ဖြစ်ပေါ်လာသည့်အပေါ် ပြည်သူများ အကြား စိုးရိမ်ပူပန်မှုများနှင့် မကျေနပ်မှုများ ဖြစ်ပေါ်လျှက်ရှိသည်။
ထိုအပြင် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များသာ ပြည်တွင်းမှ ထွက်ရှိပြီး အခြေခံစားသောက်ကုန်၊ အဝတ်အထည်၊ အသုံးအဆောင်၊ လောင်စာဆီ၊ ဆေးဝါးအစရှိသည့် လိုသမျှအရာ အားလုံးကို ပြည်ပမှ မှာယူတင်သွင်းနေရသည့် မြန်မာနိုင်ငံအတွက် ကျပ်ငွေတန်ဖိုးကျပ်ဆင်းမှုသည် အထွေထွေ ကုန်စျေးနှုန်း မြှင့်တက်မှုကို ဖြစ်ပေါ်စေပြီး အာဏာသိမ်း စစ်ကောင်စီ လက်ထက်တွင် ကျပ်ငွေတန်ဖိုးသည် တောက်လျှောက်ကျဆင်းပြီး အာဏာသိမ်းပြီး (၃) နှစ်အကြာတွင် ငွေကျပ်တန်ဖိုးကျဆင်းမှုမှာ ဆိုးရွားသည့်အဆင့်သို ရောက်လျှက်ရှိသည်။
ထိုအပြင် ထိုင်းနိုင်ငံမှ အလှကုန်များတင်သွင်းရောင်းချနေသည့် စျေးဆိုင်ပိုင်ရှင်တစ်ဦးက ‘’ အခုက ကျပ်ငွေက ကျလာပြီး ဘတ်စျေးတက်လာတဲ့အခါမှာ ကျမက ကျပ်ပေးပြီး ဘတ်နဲ့ ပြန်ဝယ်ရတာဆို တော့ လုံး၀ အရောင်းအဝယ် လုပ်လို အဆင်မပြေဘူး။ လိုက်လို မမှီဘူး စျေးတွေက အရမ်းဟ နေတာပေါ့နော်။ လောလောဆယ် ဆိုင်ကို ခဏပိတ်ထားရမယ့် အခြေအနေ ဖြစ်နေတယ်’’ ဟု စျေးသည်တစ်ဦးက ဆိုသည်။
ထိုကြောင့် ကျပ်ငွေဖြင့် လုပ်ဆောင်နေကြရသည့် လုပ်ငန်းများအားလုံး ရပ်ဆိုင်းကြရမည့် အခြေအနေသို ရောက်ရှိနေပြီး မြန်မာနိုင်ငံတွင် ထိုင်းကုန် ပစ္စည်းများကိုသာ အဓိက ဝယ်ယူ စားသုံးကြသလို အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထိုင်းနိုင်ငံသို ရွေ့ပြောင်းနေထိုင်ကြသူ အများအပြား ရှိရာ မြန်မာငွေကျပ်စျေးကျလာသည်နှင့်အမျှ မြန်မာနိုင်ငံသားအများစုသည် အခက်အခဲများစွာကြုံတွေ နေရသည်။
လတ်တလောတွင် ထိုင်းဘတ်ငွေ (၆၀၀) ကို မြန်မာငွေကျပ် (၁) သိန်းအထိ ပေါက်စျေးရှိနေပြီး ငွေစျေးကွာဟချက်မှာ အဆ (၂၀၀) နီးပါးအထိ ရှိလာပါသည်။
အာဏာမသိမိးခင်က မြန်မာငွေကျပ်စျေးဟာ ထိုင်းဘတ်ငွေ (၂၂၀၀) ကျပ်လျှင် မြန်မာငွေ (၁)သိန်း ပေါက်စျေးရှိခဲ့ပြီး အခုအချိန်တွင် ကျပ် ငွေစျေး အဆမတန်ကြောင့် ငွေလဲလုပ်ငန်းရှင်များလည်း အခက်အခဲများစွာ ရင်ဆိုင်နေကြရသည်။
“အဲဒီလို တစ်ခါမှကို မတက်ဖူးဘူး။ ဈေးအတက်အကျမြန်တဲ့အတွက် ငွေကြေးဆုံးရှုးမှုများတယ်။ အချိန်တိုင်းမှာရှုးနေတာ။ ရောင်းပဲရောင်းရောင်း ဝယ်ပဲဝယ်ဝယ်”ဟု ငွေလဲလုပ်ငန်း လုပ်သူ တစ်ဦးက ဆိုသည်။
ရန်ကုန်မြိုရှိ ကွန်ပျူတာ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် အချိုတိုတွင်လည်း ၎င်းတို၏ ရောင်းကုန်ပစ္စည်း တန်ဖိုးများကို ယခင်က အမေရိကန်ဒေါ်လာ သိုမဟုတ် မြန်မာကျပ်ငွေဖြင့် ဖော်ပြကြသော်လည်း ယခုနောက်ပိုင်းတွင် ပစ္စည်းတန်ဖိုးကို ထိုင်းဘတ်ငွေဖြင့် သတ်မှတ်ထားကြပြီး ဝယ်ယူသည့် အချိန် ငွေလဲနှုန်းဖြင့် မြန်မာငွေတန်ဖိုးတွက်ကာ ရောင်းချလာကြသည်ကို တွေ့မြင်ရသည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအတွင်း ငွေကြေးတန်ဖိုးနိမ့်ကျလာခြင်း၊ စျေးနှုန်းများ အဆမတန် မြှင့်တက်လာခြင်း၊ ဘဏ်များကို ယုံကြည်ချက် မရှိတော့ခြင်း၊ ပိုကုန် သွင်းကုန်လုပ်ငန်းရှင်များ လုပ်ငန်း ရပ်ဆိုင်းလိုက်ခြင်းများကြောင့် မြန်မာနိုင်ငံသည် စီးပွားရေးပြိုလဲသည့် လမ်းကြောင်းအပေါ်သို ရောက်ရှိပြီဖြစ်ဖြစ်ကြောင်းကိုလည်း စီးပွားရေးပညာရှင်များက သုံးသပ်ထားပါသည်။