ရခိုင့်အသံ။ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၂၇) ရက်
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ် မြေပုံကျေးရွာသို့ ရောက်ရှိနေ့သည့် စစ်ဘေးရှောင်း ကလေးငယ်များနှင့် ကျေးရွာအတွင်းရှိ ပညာသင်ယူရန် လက်ခဲနေသော ကလေးငယ်များအား ကျေးရွားအတွင်း၌ ဖွဲ့စည်းထားသောဟိတဒါန လူငယ်အဖွဲ့မှ အခမဲ့ပညာသင်ကြားပေးလျှက်ရှိကြောင်း သိရသည်။
ပညာသင်ကြားရာတွင် သင်ထောက်ကူ ပစ္စည်းများ နှင့် နေရာအ အခက်အခဲ ရှိနေကြောင်း ဆရာမတဦးက
” ကျွန်မတို့မှာ ဆရာ၊ဆရမ မလုံလောက်ဘူး၊ စာသင်ပြမယ့် အိမ်တွေရှာရတယ်၊ပြီးတော့ ကလေးတွေအတွက် ဗလာစာအုပ်၊ ခဲ့တံ ၊ဘောပင်ကအစ ကျောင်းသုံးပစ္စည်းတွေ မလုံလောက်ဘူး။ မြေဖြူတွေရှာမရလ်ို့ မီးသွေးခဲနဲ့ ပြရတယ်။ အခက်အခဲ့ကတော အများကြီးပါပဲ။ တောင်ကုတ်မြို့နယ်က စစ်ဘေးရှောင်ကလေးတွေ ဆိုရင် ကျွန်မတို့က အကုန် ထောက်ပံ့ပေးတယ်။ ကျွန်မတို့ ကိုယ်တိုင် ကျောင်းပိတ်ရက်မှာ အငှားလိုက်ပြီး ပိုက်ဆံရှာရတယ်” ဟုဆိုသည်။
ဟိတဒါန လူငယ်အဖွဲ့မှ (၂၉.၀၆.၂၀၂၄)ရက်နေ့မှ စတင်၍ဆရာ ဆရာမ လေးဦးဖြင့် ကျောင်းသားဦးရေ ၁၅ယောက်အား သင်ကြားခဲ့ပြီ
လက်ရှိတွင် ကျောင်းသားဦးရေ ၅၃ ဦးထိ ရှိလာကြောင်း သိရသည်။
” ကလေးတေံဟာ ကိုဗစ် ၁၉ ကာလကပင် စပြီး ပညာကို နှစ်ပြည့်အောင်မသင်ခဲ့ရပါဘူး။ စစ်ကာလမှာဆို လုံးဝ မသင်ကြားရဘူး”
တက်ရောက်နေသည့်ကျောင်းသားများမှာ မူကြို ကလေးများနှင့် G1 မှ G7 ထိအပြင် G10 ကျောင်းသားများလည်း တက်ရောက်နေကြောင်း သိရသည်။