“နေတွေပူလိုက်တာ၊ ငါ့ကျောကုန်းတွေ မီးတွေတောက်လောက်ကုန်ပါပြီ”
“မိုးတွေက ရွာနေလိုက်တာနော်၊ ငါ့ကျောကုန်းတွေ ပြိုကုန်ပါပြီ”
“နှင်းတွေကလည်း ကျပါဖိ၊ အေးစက်လိုက် တာနော်”
ဖိုးခေါင်တောင်ကြီး၏ ကျောကုန်းမှာ သစ်ပင်တွေမရှိ၊ တောတွေကို အပြောင်ရှင်းထား သဖြင့်နွေရာသီ အပူလွန်ကဲသည့်ဒဏ်ကို ခံစားနေရသည်။ မိုးရာသီရောက်ပြန် နေသဖြင့် ပြောင်နေသည့် တောင်ကုန်းများမှာ မိုးရေတွေတိုက်စား ပြိုကျ ပျက်စီးကုန်ပြီ။
ဆောင်းရာသီတွင်လည်း နှင်းများစွာကျပြီး လေများတိုက်သဖြင့် အအေးဒဏ်ကို ခါးသီးစွာ ခံစားနေရသည်။
“ဆိုးရွားလှတဲ့ ရာသီဥတု ဒဏ်တွေကို ကာကွယ်နိုင်ဖို့ ငါ့မှာ ဘာမှလည်းမရှိတော့ဘူး။ ဒီဒုက္ခတွေကို ဘယ်လောက်ကြာကြာ ခံနေရအုံးမှာလဲနော်”
“ဝိသမလောကသားတွေ ငါ့ကို ဘယ်လောက် ကြာကြာ နှိပ်စက်နေကြအုံးမှာလဲ” ဆိုပြီး ဖိုးခေါင်တောင်ကြီးက အကြိမ်ကြိမ် ညင်းတွားငိုရိူက်နေလေတော့သည်။
ယင်းသို့ ညင်းတွားသံတွေ၊ ငိုရိူက်သံတွေကို အပြောင်ရှင်းခံနေရတယ်။ အလွယ်တကူ ယူငင်ရှင်းလင်းလို့ရတဲ့ ငါတို့လို တောင်တန်း ငယ်တွေကို အဘယ်မှာ ချန်လှပ်ထားတော့မှာလဲ။ ဝိသမလော ဘသားတွေက ငါတို့ကျောကုန်းထက်မှာ ဆံချဉ် တမျှင်မျှ မကျန်အောင် အပြောင်ရှင်းပစ်ခဲ့ကြပြီး။
ဖိုးခေါင်တောင်ကြီးခံနေရတဲ့ ကြမ္မာ ဆိုးကြီးမျိုးကို ငါတို့လည်းခံစားနေရပါတယ်။ သင်ဟာ ငါ့တို့ရဲ့ ဖခင်ကြီး ဖြစ်တယ်။ သင်မျက်ရည် ကျရယ်..ငါတို့ ကမ္ဘာပြိုလိမ့်မယ်။
မငိုပါနဲ့ ဖိုးခေါင်တောင်ကြီးရယ် …..”
ဆရာဇော်ဂျီရေးခဲ့တဲ့ ကဗျာတပုဒ်တွင် အောက်ပါအတိုင်း ရေးသားထားသည်။
“တောပင်ကို တော်တော်ခုတ်
တောပြုတ်လိမ့် နောက်နောင်။
တောပြုတ်လို့ တောပြောင်လျှင်
မိုးခေါင်တော့ မှာပဲ။
မိုးခေါင်လို့ ရေမကြွယ်
သဲပင်လယ် ဖြစ်လိမ့်မလွဲ။”
“ဥတုရာသီ တောကိုမှီ” ဆိုရိုးစကားရှိသလို လူသားတို့ အသက်ရှင်ရပ်တည် နေနိုင်ရေးအတွက်လည်း တောကို မှီရသည်။
သို့သော် ယခုအခါတွင်ကား မြန်မာနိုင်ငံရှိ သစ်တောကြီးများမှာမဆင်မခြင်ခုတ်ထွင် ရှင်းလင်းမှုကို ခံနေကြရပြီး
ပြောင်တလင်းခါနေသည့် တောင်ကတုံးကြီးများတစ်နေ့တစ်ခြား တိုးပွားလာနေပြီ ဖြစ်သည်။ကြားရတဲ့ ရခိုင်ပြည်တွင်းက တောင်စဉ်တောင်တန်းတွေက ဤသို့ဆိုလေ၏။
“ဖိုးခေါင်တောင်ကြီးရယ်.. သင့်လို ဧရာမ
ကြီးကြယ်မြင့်မြတ်တဲ့ တောင်တန်းကြီးတွေက
ဥတုရာသီက မှီရန် သစ်တောများ မရှိတော့သဖြင့်
“ ဥတုရာသီ လူကို မှီ” ဖြစ်နေတော့၏။
တောပြုန်း၍ လေလုံးဝင်သဖြင့် ခုခံစရာအပင်မရှိ၍အိမ်ခြေတို့အမြစ်ကကျွတ်လေသည်။ တောများပြောင်လာသဖြင့် မိုးခေါင်ရေရှားသော ဒဏ်ကို ခံလာကြရခြင်းပင်သည်။ကုန်သည်ကြီးများ၊ ကုမ္ပဏီကြီးများကခေတ်မှီ စက်ယန္တယားကြီးများဖြင့် အလွန်အကျွံထုတ်ယူကြသည်။ ဒေသခံ များကလည်း “ အခုဒီကုန်သည်တွေ၊ အစိုးရဝန်ထမ်းတွေ ခုတ်လှဲ
ရောင်းချပစ်မှ ကုန်တော့မှာ။ မထူးဘူး ငါတို့လည်းခုတ်မယ်” ဆိုပြီး လစ်သလို ရသလို လည်သလိုခုတ်၊ မှောင်ခို နည်းလမ်းများဖြင့် ပြည်ပကို ခိုးထုတ်လာခဲ့ကြသည်။
အစိုးရ၊ ကုန်သည်၊ ဒေသခံများ အပြိုင်အဆိုင် လောဘ တက်ကာ ကမ္ဘာမြေ၏ အသက်သခင်ကျေးဇူးရှင်ဖြစ်သော သစ်ပင်များကိုခုတ်ထွင် သတ်ဖြတ်လိုက်ကြသည်။ ကမ္ဘာမြေကြီးနေမကောင်း ဖြစ်လာသဖြင့် မြေကြီး ပေါ် မှီတင်း
နေထိုင်ကြသော လူသားများ ဒုက္ခရောက်ကြပါပြီ။မိုးခေါင် ရေရှား၊ အပူလှိုင်းဒါဏ် ရာသီဥတု ဖေါက်ပြန်ဒါဏ်များနှင့် ဆန်ရေစပါး၊ ကောက်ပဲသီနှံများပျက်စီးဆုံးရှုံးကြရသည်။
သစ်ပင်များကို ခုတ်လှဲ၊ တောတောင်များကို တူးဖြို၊ မြေပေါ်မြေအောက် သယံဇာတများကို အငမ်းမရ တူးဖေါ်ထုတ်လုပ်ပြီး လူသားများကိုအသေသတ်ရန် လုပ်နေသူများသည် သတ္တဝါထဲတွင် အသိဉာဏ် ဆင်ခြင်တုံတရား အရှိဆုံးဟု ဆိုကြသည့် လူသားများပင် ဖြစ်သည်။ မိမိကိုယ်တိုင်အသက်ရှင် ရပ်တည်နေသော ဤမြေ၊ ဤလေ၊ဤရေကို ပျက်စီအောင် လုပ်ဆောင်နေကြသည်။
ထိုသို့ အသိဉာဏ် ဆင်ခြင်တုံတရားမရှိသော သူများကို လူသားဟူသော ဂုဏ်ပုဒ်နှင့် မထိုက်တန်တိရိစ္ဆာန်ဟုပင် ခေါ်ဖို့ကောင်း နေလောက်ပြီ။ထိုသူတို့သည် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်
နေသကဲ့ပင် ဖြစ်သည်။
လူသားတို့က ရေလှောင်ကန်များဖြင့်မည်မျှပင် သိုလှောင်ထားစေကာမူ မိုးပြတ်လတ်သည်နှင့် တပြိုင်နက် ခမ်းခြောက်သွားခဲ့သည်ဖြစ်ရာ ရေရှားပါးမှု ပြဿနာကို ကြုံတွေ့၊ ခံစားရသည့်ဒဏ်ကို မည်သို့ကာကွယ် ကြပါမည်နည်း။ဝိသမလောဘသားတို့ သဘာဝသစ်တောကြီးများကို ဖျက်ဆီးဖြုန်းတီး၊ ခုတ်ထွင်သတ်ဖြတ်နေသည့် လုပ်ရပ်များကို ရပ်တန့်ဖို့ အချိန်တန်နေပြီ။ ကမ္ဘာကြီး၏ အသက်သွေးကြောဖြစ်သောသစ်ပင်၊ သစ်တောများကို ပြန်လည် အသက်ရှင်သန်ခွင့်ပေးဖို့ လိုနေပေပြီ။နောက်သား၊ နောင်လာတို့ မြန်မာ့မြေပေါ်တွင် အေးချမ်းလုံခြုံစွာ အသက်ရှင်ရပ်တည်နိုင်ရန် တောင်ကတုံးကို သျှောင်ထုံးကြရလိမ့်မည်။ မြန်မာ့မြေကြီးကို သစ်ပင်၊ သစ်တောများဖြင့် ပြန်လည် စိမ်းစို လန်းဆန်းအောင် အမြန်ဆုံး တည်ဆောက်ကြလိမ့်မည်။ ကမ္ဘာမြေကြီးကို သတ်နေသော သစ်ခုတ်သမား လူသတ်သတ္တဝါများကိုကာကွယ် အရေးယူနိုင်ရန်ကြိုးစားကြရလိမ့်မည်။ ကမ္ဘာမြေ ကြီး ပြန်လည်အသက်ရှင်ကျန်းမာလာအောင် ကြိုစား ဆောင်ရွက်ကြရပေလိမ့်မည်။
မြတ်နိုးသာ